ယူကရိန်း မောင်းသူမဲ့ လေယာဉ် ၃၆ စင်းကို ခရိုင်းမီးယားတွင် ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနဆို

0
187

ရုရှားပိုင်နက်အတွင်းရှိ အဆောက်အဦများကို လေကြောင်းမှတိုက်ခိုက်ရန် ယူကရိန်းအစိုးရ၏ ကြိုးပမ်းမှုတွင် ဒရုန်းများဖြင့် တိုက်ခိုက်မှုမှာ ပျက်ပြားသွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ခရိုင်းမီးယားဒေသရှိ ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များက ယူကရိန်းဒရုန်းသုံးဆယ့်ခြောက်စင်းကို ကြားဖြတ်ပစ်ချခဲ့ပြီး၊ ခရန်စ်နိုဒါ နယ်မြေပေါ်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များက ယူကရိန်း ဒရုန်းတစ်စင်းကို ကြားဖြတ်ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

“ဇန်နဝါရီ ၅ ရက်က ရုရှားပိုင်နက်အတွင်း ဒရုန်းများကို အသုံးပြု၍ ယူကရိန်းအစိုးရ၏ တိုက်ခိုက်ရန် ကြိုးပမ်းမှုမှာ ပျက်ပြားသွားခဲ့သည်။ ယူကရိန်း မောင်းသူမဲ့လေယာဉ် သုံးဆယ့်ခြောက်စင်းအား ခရိုင်းမီးယားရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ကြားဖြတ်ဟန့်တားခဲ့ပြီး၊ ခရန်စ်နိုဒါ နယ်မြေပေါ်တွင်လည်း ယူကရိန်း ဒရုန်းတစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့သည်”ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here