မြောက်ကိုရီးယားက အမြောက် ဖြင့်ပစ်ခတ်နေ၊နယ်စပ်ရှိပြည်သူများဘေးလွတ်ရာသို့အရေးပေါ်ရွှေ့ပြောင်းရန်ညွှန်ကြားထား

0
188

ဆိုးလ်၊ဇန်နဝါရီ ၅

မြောက်ကိုရီးယားသည် ပင်လယ်ဝါအတွင်းသို့ အမြောက်ကျည် ၂၀၀ ဖြင့်ပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် မြောက်ကိုရီးယားနှင့်ထိစပ်နေသည့် နယ်စပ်အနီးရှိ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေထိုင်ရန် တောင်ကိုရီးယားအာဏာပိုင်များက ညွှန်ကြားထားကြောင်းသိရသည်။

မြောက်ကိုရီးယား၏ စမ်းသပ်ပစ်ခတ်မှုများကြောင့်လူအ‌ေ-သအပျောက်မရှိသော်လည်း ယခုလုပ်ရပ်သည် ရန်စသည့်သဘောပါဝင်နေသည့်အတွက် မြောက်ကိုရီးယား၏လုပ်ရပ်ကိုတုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားစစ်တပ်ဘက်ကလည်း ပစ်ခတ်မှုလေ့ကျင့်ရန်အစီအစဉ်ရှိကြောင်း ပူးတွဲစစ်ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် သောကြာနေ့နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း အမြောက်ကျည်ပေါင်း ၂၀၀ ကျော်ကိုစမ်းသပ်ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ကြေငြာခဲ့သည်။

ထို့ကြောင့် အဆိုပါဧရိယာနားတစ်ဝိုက်ရှိ ပြည်သူများအနေဖြင့် ဘေးလွတ်ရာရွှေ့ပြောင်းကာ ယာယီခိုလှုံရေးစခန်းများသို့ ရှောင်တိမ်းကြရန်ညွှန်ကြားခဲ့သည်။

အဆိုပါကျွန်း၌ ၂၀၀၂ ခုနှစ်ကလည်း မြောက်ကိုရီးယားရေတပ်နှင့်ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် တောင်ကိုရီးယားသင်္ဘောသား ၆ ဦး‌ေ-သဆုံးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင်မူ မြောက်ကိုရီးယား၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကိုရီးယားအရပ်သား လေးဦး‌ေ-သဆုံးခဲ့ဖူးသည့်ကျွန်းတစ်ခုလည်းဖြစ်သည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here