အမြန်လမ်းတွင် Hummer ယာဥ်တစ်စီးမီးလောင်မှုဖြစ်ပွား

0
121

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် Hummer ယာဥ်တစ်စီးမီးလောင်မှု ယနေ့ ဇန်နဝါရီ (၅) ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အမြန်လမ်း မိုင်တိုင်အမှတ် (၁၇၀/၃) နှင့် (၁၇၀/၄) အကြားတွင် ယနေ့နံနက် (၁၁) နာရီ (၅၄) မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်မီးလောင်မှုဖြစ်ပွားရာ နေရာသို့ သာဂရအမြန်လမ်း မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လယ် (၁၂) နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ ပါရမီလမ်း၊ လှိုင်တက္ကသိုလ်အနီးတွင် ယနေ့နံနက် ၂ နာရီ ၄၀ မိနစ်အချိန်ခန့်က ကားမီးလောင်မှုဖြစ်ပွားခဲ့‌သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here