ယခုလမှစ၍ ဂျပန်နိုင်ငံ အလုပ်ခေါ်စာများကို (၁၅)ရက်လျှင်တစ်ကြိမ် သံရုံး၏ လူမှုကွန်ယက်တွင် ထုတ်ပြန်သွားမည်

0
204

ဂျပန်နိုင်ငံက အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို ယခု ဇန်နဝါရီလမှစတင်၍ (၁၅)ရက်လျှင်တစ်ကြိမ် သံရုံး၏ လူမှုကွန်ယက်တွင် ဖော်ပြသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ ဇန်နဝါရီ (၅)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံရှိ အလုပ်ကမ်းလှမ်းစာကုမ္ပဏီများစာရင်းကို သံရုံးက စိစစ်၍ မှန်ကန်သည့် အလုပ်ခေါ်စာများကို ယင်းသို့ ဖော်ပြပေးသွားမည်ဖြစ်သည်။

ထို့အပြင် ဂျပန်ကုမ္ပဏီများက ပေးပို့သည့် အချက်အလက်များနှင့် စာရွက်စာတမ်းများကိုလည်း သံရုံး၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ မြန်မာသံရုံးက ထုတ်ပြန်သည့် ကြေညာချက်အရ ဂျပန်နိုင်ငံက အလုပ်ကမ်းလှမ်းစာ (Demand Letter)များစိစစ်သည့်လုပ်ငန်းစဉ် ပိုမိုမြန်ဆန်စေရန်ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပေးထားခြင်းလည်းဖြစ်သည်။

ထုတ်ပြန်ကြေညာချက်တွင် အလုပ်သမာဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် မြန်မာသံရုံးသို့ပေးပို့လာသော Demand Letter များကို အချက်အလက်ပေးပို့ရန် ဂျပန်ကုမ္ပဏီတစ်ခုချင်းစီအား /Fax ပေးပို့ခြင်းမပြုတော့ဘဲ သံရုံး၏ လူမှုကွန်ယက်နှင့် ဝက်ဘ်ဆိုက်တို့တွင် တစ်ပတ်လျှင် တစ်ကြိမ်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ ဂျပန်ကုမ္ပဏီများကစာတိုက်မှတဆင့် ပေးပို့လာသော အချက်အလက်များကို သံရုံးကလက်ခံရရှိပါက Demand Letter မှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်းများဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းသို့ စိစစိပြီးမှန်ကန်သည့် ကုမ္ပဏီများစာရင်းကို အလုပ်သမားဝန်ကြီးဌာနသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပြန်လည် ပေးပို့ခြင်းနှင့် အဆိုပါစာရင်းများကို (၁၅)ရက်လျှင် တစ်ကြိမ်သံရုံး၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် (၁၅) ရက်လျှင် တစ်ကြိမ်နှုန်းဖြင်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here