တောင်ကိုရီးယား ကျွန်းများဖက်ဆီသို့ အမြောက်ဖြင့် အချက် ၂၀၀ ခန့် မြောက်ကိုရီးယားပစ်ခတ်

0
159

ပင်လယ်ဝါတွင်းရှိ တောင်ကိုးရီးယား ကျွန်းစုများဖက်ဆီသို့ မြောက်ကိုးရီးယား ကမ်းရိုးတန်း အမြောက်တပ်က အမြောက်ဖြင့် အချက်(၂၀၀)ကျော် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်၏ ပြောကြားချက်ကို ကိုးကား၍ Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။

တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်၏ ပြောကြားချက်အရ တောင်ကိုရီးယား အရပ်သားများ သို့မဟုတ် တပ်မတော်သား တစ်ဦးတစ်ယောက်မျှထိခိုက်ကျဆုံးမှု မရှိကြောင်း သိရသည်။ အမြောက်ဆန်များသည် မြောက်ပိုင်းကန့်သတ်လိုင်း(Northern Limit Line/NLL)၏ မြောက်ဘက်သို့ ကျရောက်ခဲ့ပြီး ယင်းသည် မြောက်ကိုရီးယားနိုင်ငံ၏ ပင်လယ်ဝါရှိ ရေကြောင်းနယ်နိမိတ်အဆုံးသတ်နေရာအတွင်းဖြစ်ကြောင်း ယူဆကြသည်။ Yonhap သတင်းဌာန၏အဆိုအရ တောင်ကိုရီးယားစစ်တပ်သည် ၎င်း၏သက်ဆိုင်ရာတပ်ဖွဲ့များ အဆင့်ဆင့်အား ဆောင်ရွက်ရမည့် အစီအမံများကိုသတိပေးခဲ့ကြောင်း သိရသည်။

အစောပိုင်းကမူ တောင်ကိုရီးယားစစ်တပ်၏ တောင်းဆိုချက်အရ ကျွန်းနှစ်ကျွန်းတွင် နေထိုင်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here