ငလျင်ကယ်ဆယ်ရေးအတွက် အမေရိကန်တစ်နိုင်ငံတည်းမှသာအကူအညီရယူမည်ဟုဂျပန်ဆို

0
160

ဝါဂျီမာ၊ဇန်နဝါရီ ၅

ဂျပန်နိုင်ငံ၌ နှစ်သစ်ကူးရက်ကလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ‌ေ-သဆုံးသူ ၉၂ ဦးအထိမြင့်တက်လာကာ ပျောက်ဆုံးနေသူ ၂၂၂ ဦးရှိလာပြီဖြစ်ကြောင်းသိရသည်။

ဂျပန်၌ ငလျင်အပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လက်ရှိအချိန်၌ အမေရိကန်နိုင်ငံထံမှအကူအညီမှလွဲ၍ ကျန်ဒေသတွင်းနိုင်ငံများထံမှ အကူအညီကိုရယူဦးမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

အမေရိကနှင့်ဂျပန်တို့သည် နိုတိုကျွန်းဆွယ်တစ်ဝိုက်၌ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမေရိကန်တပ်ဖွဲ့များနှင့် မည်သည့်အချိန်တွင် ပူးပေါင်းဆောင်ရွက်မည်ကို ဆွေးနွေးနေကြဆဲဖြစ်သည်ဟု နစ်ကေးသတင်းဌာန၌ဖော်ပြထားသည်။

ဂျပန်ဝန်ကြီးချုပ်ကီရှီဒါကမူ လက်ရှိအချိန်၌ တရုတ်နှင့်ထိုင်ဝမ်အပါအဝင် ကျန်နိုင်ငံအများအပြားထံမှ အကူအညီပေးရေးကမ်းလှမ်းချက်များနှင့် ဝမ်းနည်းကြောင်းသ၀ဏ်လွှာများအား လက်ခံရရှိထားကြောင်းပြောကြားခဲ့သည်။

ယခုငလျင်သည် ၂၀၁၆ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးသဘာဝဘေးဖြစ်လာကာ ၂၀၁၁ ခုနှစ်က ဂျပန်အ‌ရှေ့ဘက်ကမ်းရိုးတန်း၌လှုပ်ခတ်ခဲ့သောငလျင်နှင့်ဆူနာမီတို့အပြီး အ‌ေ-သအပျောက်အများဆုံးလည်းဖြစ်လာခဲ့သည်။

၂၀၁၁ ခုနှစ်ငလျင်တုန်းကလည်း အမေရိကန်တပ်ဖွဲ့ဝင်များသည် သင်္ဘော ၂၄ စင်းနှင့် လေယာဉ် ၁၈၉ စင်းတို့ဖြင့်လာရောက်ကာ ဝန်ထမ်းပေါင်း ၂၄,၀၀၀ ကျော်အထိကူညီခဲ့ပြီး ဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့သည်ဟုသိရသည်။

Source : ရိုက်တာ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here