တာမွေ (၁၅၆)လမ်းရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ အမျိုးသမီး (၂) ဦးအား ရို-က်နှ-က်ကာ ရွှေနှင့် ငွေများ လုယက်ထွက်ပြေးမှု ဖြစ်ပွား

0
6970

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊၁၅၆ လမ်းရှိ လျှပ်စစ်ပစ္စည်းဆိုင်တစ်ဆိုင်မှအမျိုးသမီး (၂) ဦးအား ရို-က်နှ-က်၍ ရွှေနှင့် ငွေများလုယက်ထွက်ပြေးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့(MMRO)မှ သိရသည်။

“၁၅၆ လမ်း လျှပ်စစ်ပစ္စည်းဆိုင်က အမျိုးသမီး (၂) ဦးကို ရို-က်နှ-က်ပြီး ရွှေနဲ့ငွေတွေ လုယက်ထွက်ပြေးသွားလို့ ဒဏ်ရာရသူ (၂) ဦးကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကို ပို့ဆောင်ပြီး အဲဒီကတဆင့် ဒဏ်ရာပြင်းထန်တဲ့သူ (၁) ဦးကိုတော့ မြောက်ဥက္ကလာ မေဓါဝီဆေးရုံကို ထပ်မံပို့ဆောင်ပေးခဲ့ပါတယ်။ ကျန်တာကိုတော့ သက်ဆိုင်ရာက လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ”ဟု MMRO အဖွဲ့က ဆိုသည်။

အခင်းဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီ (၅)ရက်၊ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာမွေမြို့နယ် (၁၅၆) လမ်းရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ အမျိုးသမီး (၂) ဦးအား ရိုက်နှက်ကာ ရွှေနှင့် ငွေများ လုယက်ထွက်ပြေးသွားခြင်း ဖြစ်သည်။

လုယက်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဒဏ်ရာရသူ (၂) ဦးအား စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့ (၂) ဦးထဲမှ ဦးခေါင်းထိခိုက်ဒဏ်ရာရသူ (၁) ဦးအား မြောက်ဥက္ကလာမြို့နယ် မေဓါဝီဆေးရုံသို့ ထပ်မံကူညီပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here