ဟားမတ်စ် ဒုတိယခေါင်းဆောင် သ-တ်ဖြ-တ်ခံရမှုအတွက် မလွဲမသွေ လက်တုန့်ပြန်မယ်လို့ ဟစ်ဇ်ဘိုလာခေါင်းဆောင် သတိပေး

0
133

ဘေရွတ်မြို့တော်တောင်ပိုင်း ၎င်းတို့ရဲ့ အခိုင်အမာနယ်မြေမှာ ဟားမတ်စ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် သ-တ်ဖြ-တ်ခံလိုက်ရမှုအတွက် စစ်မြေပြင်မှာ အလျင်အမြန် လက်တုန့်ပြန်သွားမှာဖြစ်တယ်လို့ အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန် ဟစ်ဇ်ဘိုလာအုပ်စု ခေါင်းဆောင်က ဇန်နဝါရီ ၅ ရက် သောကြာနေ့မှာ အစ္စရေးကို သတိပေးပြောဆိုလိုက်ပါတယ်။

လက်ဘနွန်တစ်နိုင်ငံလုံး အကာအကွယ်မဲ့တဲ့သဘောဖြစ်တာကြောင့် ဒီချိုးဖောက်မှုအတိုင်းအတာကို မိမိတို့ တိတ်ဆိတ်နေလို့မရဘဲ လက်တုန့်ပြန်မှုဟာ မလွဲမသွေပေါ်ပေါက်လာရမှာဖြစ်ကြောင်း ဟာဆန် နာဆရယ်လာက ရုပ်သံမိန့်ခွန်းတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ယခုအခါ စစ်မြေပြင်လက်ဝယ်ရောက်ရှိနေပြီဖြစ်တယ်လို့ ဆာလက်ရှ် အယ်အာရူရီ သ-တ်ဖြ-တ်ခံရအပြီး ဒုတိယအကြိမ် မိန့်ခွန်းမှာ သူက ပြောဆိုသွားပါတယ်။ နယ်စပ်ဒေသအားလုံးက တိုက်ခိုက်ရေးသမားတွေဟာ ဆင်ခြေဖုံးအရပ်တွေက အန္တရာယ်ရှိတဲ့ ချိုးဖောက်မှုတွေကို လက်တုန့်ပြန်သွားရမယ်လို့ သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

အင်္ဂါနေ့က ဘေရွတ်တောင်ပိုင်း ဟစ်ဇ်ဘိုလာရဲ့ အခိုင်အမာနယ်မြေမှာ အာရူရီ‌ေ-သဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ အစ္စရေးလက်ချက်ဖြစ်တယ်လို့ အများက ယူဆကြပါတယ်။

၎င်းဟာ စစ်ပွဲကာလအတွင်း သ-တ်ဖြ-တ်ခံလိုက်ရတဲ့ ဟားမတ်စ်ရဲ့ အဆင့်မြင့်ဆုံး အရာရှိတစ်ဦးဖြစ်သလို စစ်ပွဲစတင်ပြီးနောက်ပိုင်း လက်ဘနွန်မြို့တော်ကို ပထမဆုံး တိုက်ခိုက်ခံရမှုမှာ သူ ‌ေ-သဆုံးခဲ့တာလည်းဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ပြောခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာတော့ အစ္စရေးဟာ လက်ဘနွန်ကို စစ်ဆင်နွှဲလိုက်ပြီလို့ နာဆရယ်လာက သတိပေးထားခဲ့ပြီး ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ လက်တုန့်ပြန်မှုဟာ အကန့်အသတ်မဲ့လိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here