ပြည်ထောင်စုဖလား တိုင်းနှင့်ပြည်နယ် မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည်

0
171

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၊ မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ၏ ပြည်ထောင်စုဖလား တိုင်းနှင့်ပြည်နယ် မြင်းစီးအားကစားပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ယမန်နေ့ ဇန်နဝါရီလ (၅) ရက် နေ့လယ် (၁) နာရီ (၃၀)မိနစ်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် မြင်းစီးကွင်း၌ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်းလည်း သိရသည်။

အစည်းအဝေး၌ မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီဥက္ကဌ ဦးသန့်စင်မိုးမှ အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကြီးစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခေါင်းစဥ်အသီးသီးအောက်မှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပုံစာ – (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်မြင်းစီးအားကစားပြိုင်ပွဲ ပုံရိပ်များ

ဓာတ်ပုံ – မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်


LEAVE A REPLY

Please enter your comment!
Please enter your name here