အင်ဒို၌ ရထားနှစ်စင်းတိုက်၊ လေးဦး‌ေ-သဆုံးကာ ၄၂ ဦးဒဏ်ရာရ

0
156

ဂျကာတာ၊ဇန်နဝါရီ ၅

အင်ဒိုနီးရှားနိုင်ငံတွင် ခရီးသည် လေးရာကျော်လိုက်ပါလာသော ရထားနှစ်စင်း ဇန်နဝါရီ ၅ ရက်နေ့ နံနက်က တိုက်မိခဲ့ကြရာ လေးဦး‌ေ-သဆုံးပြီး ၂၂ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

အဆိုပါရထားမတော်တဆမှုသည် အနောက်ဂျာဗားပြည်နယ်၊ဘန်ဒေါင်းမြို့အနီး၌ နံနက် ၆ နာရီ ၃ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ရထားနှစ်စီး၏ရှေ့ဆုံးတွဲများသည်ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့ကြပြီး အခြားတွဲများသည် ရထားလမ်းဘေးလယ်ကွင်းများပေါ်သို့ လမ်းချော်တိမ်းမှောက်လျက်ရှိကြသည်ကို တွေ့ရသည်။

ရထားနှစ်စင်းပေါင်းတွင် ခရီးသည်လေးရာကျော်ငါးရာနီးပါးလိုက်ပါလာကြသော်လည်း ‌ေ-သဆုံးသူလေးဦးမှာ ခရီးသည်များမဟုတ်ကြဘဲ ရထားဝန်ထမ်းများဖြစ်ကြသည်ဟုလည်းသိရသည်။ခရီးသည်များအားလုံးကို ကယ်တင်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသောခရီးသည်များကို ဆေးရုံသို့ပို့ပေးခဲ့ကြသည်ဟုအာဏာပိုင်များကပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ‌ေ-သဆုံးသည့် ရထားဝန်ထမ်းလေးဦးတွင် စက်​ခေါင်းမောင်း၊လက်ထောက် စက်ခေါင်းမောင်း၊ ဂတ်ဗိုလ်နှင့်လုံခြုံရေးတို့ဖြစ်ကြပြီး ယခုရထားမတော်တဆမှုဖြစ်ရခြင်း၏အကြောင်းရင်းကို သဲသဲကွဲကွဲမသိရသေးကြောင်းလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here