ကစားသမား ဘဝဖြင့်သာမက နည်းပြဘဝဖြင့်ပါ ကမ္ဘာ့ဖလား (၄) ကြိမ် ရရှိခဲ့တဲ့ ဘရာဇီးဂန္ထဝင် မာရီယိုဇာဂါလို ကွယ်လွန်

0
150

ကစားသမား ဘဝဖြင့်သာမက နည်းပြဘဝဖြင့်ပါ ကမ္ဘာ့ဖလား (၄) ကြိမ် ရရှိခဲ့တဲ့ ဘရာဇီးဂန္ထဝင် မာရီယိုဇာဂါလို ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာတော့ မာရီယိုဇာဂါလို ရဲ့ အသက်ဟာ (၉၂) နှစ်အရွယ် ရှိနေခဲ့ပြီလို့ သိရပါတယ်။

ဘရာဇီးဂန္ထဝင် မာရီယို ဇာဂါလိုဟာ ကစားသမားဘဝအနေနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို (၁၉၅၈) ခုနှစ်နဲ့ (၁၉၆၂) ခုနှစ်တွေမှာ ဘရာဇီးအသင်းနဲ့အတူ (၂) ကြိမ်ဆက်ရရှိခဲ့တာဖြစ်ပြီး (၁၉၇၀) ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ကာ (၁၉၉၄) ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဘရာဇီးအသင်းနည်းစနစ်အကြံပေး လက်ထောက်နည်းပြရာထူးနဲ့ ဇာဂါလိုက ကမ္ဘာ့ဖလားချန်ပီယံ ထပ်ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို ကစားသမားအဖြစ်နဲ့သာမက နည်းပြအဖြစ်နဲ့ပါ ဆွတ်ခူးနိုင်သူဆိုလို့ မာရီယို ဇာဂါလို – (၁၉၅၈ နဲ့ ၁၉၇၀) ဖရန်ဇ် ဘက်ကင်ဘောင်ဝါ – (၁၉၇၄ နဲ့ ၁၉၉၀) ဒီဒီရာ ဒက်စ်ချမ့်စ် – (၁၉၉၈ နဲ့ ၂၀၁၈) တို့ ၃ ဦးသာ ရှိပါသေးတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here