မြောက်ကိုရီးယားထံမှ ပေါင် ၇၅၀၀ ဒုံးပျံများကို ရုရှားရခဲ့ပြီး ယူကရိန်းထောက်ပံ့ရေးစခန်းတစ်စုံကို ချက်ခြင်း ပစ်ခတ်ဖောက်ခွဲ

0
172

မြောက်ကိုးရီးယားလုပ် ပဲ့ထိန်းဒုံးကျည်များကို ရုရှားရရှိခဲ့ပြီး ရုရှား-ယူကရိန်းနယ်စပ် မြောက်ဘက်ခြမ်းရှိ နေရာစစမြေပြင်များတွင် ယင်းတို့ဖြင့် တိုက်ခိုက်နေကြောင်း Forbes သတင်းဌာနက ရေးသားဖော်ပြထားသည်။

မြောက်ကိုရီးယား၏ KN-23 အမျိုးအစား လောင်စာခဲသုံးဒုံးပျံများ ပါဝင်သည့် ဒုံးကျည် တိုက်ခိုက်မှုများသည် သိသိသာသာ ထိခိုက်ပျက်စီးမှု ဖြစ်စေနိုင်သည်။ မကြာသေးမီရက်များအတွင်း ရုရှားရရှိခဲ့သော မြောက်ကိုရီးယား ဒုံးကျည်အသစ်များသည် ယူကရိန်းစစ်တပ်၏ ထောက်ပံ့ရေးစခန်းများကို ထိမှန်ခဲ့ပြီး အဖိုးတန် လောင်စာတင်ထရပ်ကား ၁၀ စီးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပွင့်လင်းမြင်သာသော လေ့လာသုံးသပ်သူများက ယုံကြည်ကြသည်။

ပေါင် ၇၅၀၀ အလေးချိန် ထိပ်ဖူးရှိသော KN-23 ဒုံးပျံများ၊ ပေါင် ၁၁၀၀ အလေးချိန် ထိပ်ဖူးရှိသော ဒုံးကျည်များတို့သည် ၂၃ လကြာ စစ်ပွဲကို ရုရှားတို့ ကြီးမားစွာ အင်အားတိုးမြင့်လာမှုကို ကိုယ်စားပြုသည်။ ယူကရိန်းတွင် ပြန်လည်တိုက်ခိုက်ရန် အလားတူလက်နက်များမရှိသေးချေ။

အမေရိကန် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက မြောက်ကိုရီးယားသည် ရုရှားတပ်ဖွဲ့များအား ဒုံးကျည်များနှင့် လောင်ချာများ ပေးအပ်ခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ လမ်းကြောင်းအာရုံခံကိရိယာတပ် KN-23 ဒုံးပျံကို ဘီးတပ် သယ်ယူပို့ဆောင်ရေးယာဉ်များမှ များသောအားဖြင့် လွှတ်တင်လေ့ရှိပြီး၊ မိုင် ၄၀၀ သို့မဟုတ် ထို့ထက် ဝေးသော အကွာအဝေးအထိပစ်ခတ်နိုင်ကာ ၎င်း၏ ရည်မှန်းချက်ပန်းတိုင်မှ ၃၅ ကိုက်ဝန်းကျင်အတွင်း ထိမှန်လေ့ရှိသည်။

၎င်းသည် စူပါလက်နက် မဟုတ်ပါ။ KN-23 သည် ရုရှားနိုင်ငံ၏ Iskander ပဲ့ထိန်းဒုံးကျည်နှင့် ဆင်တူသည်။ ယူကရိန်းတွင်ရှိနေသော အကောင်းဆုံး အမေရိကန်လုပ် လေကြောင်းရန် ကာကွယ်ရေးစနစ်ဖြစ်သည့် Patriot PAC-2s သည် ရုရှား၏ Iskanders ပဲ့ထိန်းဒုံးကျည်ကို ပစ်ချနိုင်သည်။

သို့သော် ယူကရိန်းတွင် Patriot စနစ် ၃ ခုသာရှိပြီး ယင်းတို့ကို ကိယက်ဗ်၊ အိုဒက်ဆာနှင့် ခါကိဗ် မြို့တို့တွင် တစ်ခုစီထားရှိသည်။ ထို့ကြောင့် အခြားမြို့များနှင့် ဒေသများကို ပဲ့ထိန်း ဒုံးကျည်များ၏ ရန်မှ ကာကွယ်နိုင်ခြင်းမရှိသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here