မြောက်ကိုရီးယားဒုံးကျည်အားအသုံးပြုခဲ့ခြင်းရှိမရှိကို ကိဗ်အတည်မပြုနိုင်သေးဟုဆို

0
117

ကိဗ်၊ဇန်နဝါရီ ၅

ရုရှားသည် ယူကရိန်းစစ်၌ မြောက်ကိုရီးယားကထောက်ပံ့ပေးထားသော လက်နက်များအား အသုံးပြုနေသည်ဟု အမေရိကဘက်ကစွပ်စွဲခဲ့သော်လည်း ယူကရိန်းကမူ ရုရှားသည် စစ်မြေပြင်၌ မြောက်ကိုရီးယား၏လက်နက်များအားအသုံးပြုခဲ့ခြင်းရှိမရှိကို ၎င်းတို့အနေဖြင့် အတည်မပြုနိုင်သေးဟုပြောကြားခဲ့သည်။

ယင်းအပြင် ရုရှားသည် ယူကရိန်းစစ်နှစ်နှစ်နီးပါးကာလအတွင်း လက်နက်သုံးစွဲရမှုများပြားလာသဖြင့် ၎င်း၏မဟာမိတ်အီရန်ထံမှ ဒုံးကျည်များရရှိရန်ကြိုးပမ်းနေသည်ဟုလည်းအိမ်ဖြူတော်ကကြေညာခဲ့သည်။

ယူကရိန်းကမူ “ကျွန်တော်တို့အနေနဲ့ လက်ရှိမှာ မြောက်ကိုရီးယားရဲ့လက်နက်တွေနဲ့ရုရှားဘက်ကတိုက်ခိုက်မှုလုပ်မလုပ်ဆိုတာအတည်မပြုနိုင်သေးပါဘူး၊ပစ္စည်းအပျက်အစီးအစိတ်အပိုင်းတွေကိုတော့ ပညာရှင်တွေဆီပို့ဆောင်စစ်ဆေးခိုင်းထားပါတယ်၊အဖြေသိရ‌ရင်တော့ဒါဟာတကယ်ဟုတ်မဟုတ်ကိုအတည်ပြုပေးသွားမှာပါ” ဟုလည်းပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ရက်ပိုင်းအတွင်း အပြီးသတ်နိုင်မည်ဟု ခရင်မလင်က မျှော်လင့်ထားသည့် နှစ်နိုင်ငံစစ်ပွဲသည် နှစ်ချီ၍ကြာလာပြီးနောက် နှစ်ဖက်လုံးသည် စစ်အင်အားတိုးမြှင့်ရေးအတွက် အမြောက်ကျည်များ၊မောင်းသူမဲ့လေယာဉ်များနှင့် တာဝေးပစ်ဒုံးကျည်များကို ပြန်လည်ဖြည့်တင်းရန် ရုန်းကန်နေရသည်ဟုလည်း ဖော်ပြခဲ့သည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here