၂၀၂၃ ခုနှစ်အတွင်း ရွှေတိဂုံဘုရားသို့ ပြည်ပခရီးသွားဧည့်သည့် ရှစ်သောင်းကျော် လာရောက်

0
187

ရွှေတိဂုံစေတီတော်သို့ ၂ဝ၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွားဧည့်သည် ရှစ်သောင်းကျော် လာရောက်ဖူး‌မြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

လအလိုက် လာရောက်မှုအနေဖြင့် ဇန်နဝါရီလတွင် (၅၃ဝ၉) ဦး၊ ဖေဖော်ဝါရီလတွင် (၆၁၆၂) ဦး၊ မတ်လတွင် (၉၄၁၄) ဦး၊ ဧပြီလတွင် (၅၃၉၅) ဦး၊ မေလ တွင် (၆၃၁၅) ဦး၊ ဇွန်လတွင် (၅၈၅ဝ) ဦး၊ ဇူလိုင်လတွင် (၆၆ ၈၁) ဦး၊ ဩဂုတ်လတွင် (၆၄၄၂) ဦး၊ စက်တင်ဘာလတွင် (၆၁၁၅) ဦး၊ အောက်တိုဘာလတွင် (၇ဝ၈ဝ)ဦး၊ နိုဝင်ဘာလတွင် (၈၂၁၈) ဦး၊ ဒီဇင်ဘာလတွင် (၇၃၉၉) ဦး ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်းဘုရားဖူး ဝင်ရောက်မှု အနေဖြင့်လည်း ၂ဝ၂၃ ခုနှစ်အတွင်း၌ သံဃာတော် ၁၅ဝ၃၆၁ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၇၃၅ဝ၆ ပါးနှင့် အမျိုးသား ၄၇၆၉၃၃၂ ဦး၊ အမျိုးသမီး ၅၅၇၈၅၅ဝ ဦး ရှိကြောင်းလည်း သိရသည်။

“နိုင်ငံခြားသားဝင်တာက ပုံမှန်တော့ မရှိဘူး။ ခရီးသွားရာသီတွေဆိုဝင်တာများတယ်။ ပွင့်လင်းရာသီ ခရီးတွေသွားလို့ ကောင်းတဲ့ အောက်တိုဘာလတို့၊ နိုဝင်ဘာလတို့၊ ဒီဇင်ဘာလတို့ဆို ပိုများတာပေါ့။ ကျွန်တော်တို့ဆီမှာ မိုးကောင်းတဲ့ ဇွန်လတို့၊ ဇူလိုင်လတို့ဆို နည်းနည်းလျော့တယ်လို့ ပြောရမယ်။ လျော့တယ်ဆိုပေမယ့်လည်း ၅ဝဝဝ ကျော် ၆ဝဝဝ လောက်တော့ လတိုင်းဝင်ပါတယ်။ လာတာများတာကတော့ ထိုင်း၊ တရုတ်၊ လာအို၊ ဗီယက်နမ်နိုင်ငံသားတွေပါ။ အခြားဥရောပနိုင်ငံသားတွေလည်း လာကြပါတယ်”ဟု ရွှေတိဂုံစေ တီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရွှေတိဂုံစေတီတော်တော်အား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှစတင်၍ နံနက် (၅) နာရီမှ ည (၉) နာရီထိ ဘုရားဖူးချိန် တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here