တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်းရှိချစ်ကြည်ရေးစာသင်ကျောင်းအတွက် ဆန် တန်ချိန် (၂)တန် ပေးအပ်လှူဒါန်း

0
215

တရုတ်နိုင်ငံ၊ စစ်ဆောင်ပန်းနားပြည်နယ်ခွဲ၊ ဆွမ့်ယွမ်နယ်စပ်ကုန်သွယ်ရေးကုမ္ပဏီက ရှမ်းပြည်အရှေ့ပိုင်း၊ ဆီလူးခရိုင်အတွင်းရှိ ချစ်ကြည်ရေးစာသင်ကျောင်းသို့ ဆန်တန်ချိန်(၂)တန် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုသည် ဒေသအတွင်းရှိပညာသင်ကြားရေးလုပ်ငန်းများအပေါ် တစ်ဖက်တစ်လှမ်းမှ ပါဝင်ကူညီပံ့ပိုးသည့် အနေဖြင့် ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း ရှမ်း/ရှေ့ မိုင်းလား အထူးဒေသ(၄)သတင်းပြန်ကြားရေးဌာန၏ အသိပေးချက်အရ သိရသည်။

ချစ်ကြည်ရေးကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ၏ စားဝတ်နေရေးအတွက် ဆန်လိုအပ်ချက်အရ ပေးအပ်လှုဒါန်းခြင်းဖြစ်ပြီး၊ ဆန်များကို ကျောင်းသား/သူများ၏ စားသောက်ရေးကို အာမခံချက်ပေးနိုင်ရန် အသုံးပြုသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဦးအိုက်ပီက ဆိုသည်။

ယင်းသို့လှူဒါန်းပေးခြင်းသည် ဒေသ၏ ပညာသင်ကြားရေးလုပ်ငန်းကို အားပေးကူညီရာ ရောက်ကြောင်း၊ လူထုအသိုင်းအဝိုင်းကိုလည်း ပညာသင်ကြားရေးလုပ်ငန်းအပေါ် ပါဝင်ကူညီသည့် ပရဟိတ စိတ်ဓာတ်ကို လက်ဆင့်ကမ်းပေးရာရောက်ကြောင်း ဆိုသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄) သည် တရုတ်-မြန်မာ နယ်စပ်အနီးတွင် တည်ရှိပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ရန် ကြိုးပမ်းဆောင်ရွက်နေသော ဒေသတစ်ခုလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here