မြန်မာ့ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်မှ အဝယ်လိုက်နေ၍ ဈေးကောင်းရနေ

0
148

ပြည်တွင်းရှိ ကြက်သွန်နီဈေးကွက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အဝယ်လိုက်နေခြင်းကြောင်း ဈေးကောင်းရရှိနေကြောင်း ရွှေပြည့်အောင်ကြက်သွန်နီပွဲရုံမှ သိရသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကုန်သည်အချို့ရေလမ်းကြောင်းမှတဆင့် တိုက်ရိုက်ဆင်း၍ ဝယ်ယူမှုများရှိနေကြောင်းလည်း သိရသည်။

” ဒီချိန်က မိုးကြက်သွန်နီ စပေါ်ချိန်ဆိုတော့ ဈေးကောင်းရနေတာပေါ့။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း တိုက်ရိုက်ဆင်းဝယ်တာတွေရှိတယ်။ ပြည်ပအဝယ်လိုက်တော့ ဈေးတတ်လာတယ်”ဟု ရွှေပြည့်အောင်ကြက်သွန်နီပွဲရုံပိုင်ရှင်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာ့ကြက်သွန်ကို ဝယ်ယူရာတွင် အရည်အသွေးမျိုးစုံ ဝယ်ယူကြပြီး ပြီးခဲ့သည့်နှစ်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်တင်ပို့ရာတွင် နေ့စဉ် ကြက်သွန်ပိဿာချိန် သိန်း ၂၀ ခန့် တင်ပို့ရကြောင်း သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်ပွဲရုံများမှ ကြက်သွန်ဈေးနှုန်းများသည် မြစ်သား ကြက်သွန် တစ်ပိဿာလျှင် ၃၅၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

မြန်မာ့ကြက်သွန်နီ အဓိကဝယ်ယူနေသည့် ဖောက်သည်နိုင်ငံများတွင် ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ စင်ကာပူနှင့် အမေရိကန်နိုင်ငံတို့ ပါဝင်နေပြီး၊ မြန်မာနိုင်ငံတစ်ဝှမ်း၌ ကြက်သွန်စိုက်ဧက (၁၇၀၀၀၀) ကျော်ရှိပြီး ထုတ်လုပ်မှုတန်ချိန် (၁) သန်းခန့်ရှိကြောင်း ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်သူများ၏ အချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here