ဂျပန်ကား ကုမ္ပဏီတစ်ခုကမြန်မာပြည်တွင်း၌တပ်ဆင်ထုတ်လုပ်ထားသည့်ကားကို ထုတ်ရောင်းရန် စီစဉ်နေ

0
345

မြန်မာပြည်ကားဈေးကွက်အတွင်း၌ ဂျပန်ကားကုမ္ပဏီတစ်ခုမှ SKD(Semi Knock Down) ကားများကို ထုတ်ရောင်းရန်စီစဉ်နေကြောင်း ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါ ဂျပန်ကားကုမ္ပဏီသည် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့်စနစ် (SKD) ဖြင့် မော်တော်ကားအစီးရေ ရာနှင့်ချီ တပ်ဆင်ထုတ်လုပ်ပြီးဖြစ်ကြောင်း သိရသည်။

” နာမည်တော့ ပြောပြလို့မရသေးဘူး။ မကြာခင်ထုတ်ရောင်းပေးဖို့ စီစဉ်နေတယ်ဆိုတာပဲ သိရတယ်”ဟု ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြည်ပမှ ကားအစိတ်အပိုင်းများကို တင်သွင်းပြီး ပြည်တွင်း၌ ပြန်လည်တပ်ဆင်ရောင်းချသည့် SKD စနစ်ဖြင့် ကားတင်သွင်းခွင့်ကိုသာ လက်ရှိအချိန်ထိ ခွင့်ပြုထားဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ (၂၁) ရက်စွဲဖြင့် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ထုတ်လုပ်သည့် ခုနှစ်သတ်ချက်များကို ထုတ်ပြန်ထားပြီး ယင်းတွင် အိမ်စီးကားများ ပါဝင်လာခြင်းမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ချရန်အတွက်  ပြည်ပမှမော်တော်ယာဉ် တင်သွင်းခွင့်များကို လက်ရှိအချိန်ထိပိတ်ထားဆဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here