2023 The Best FIFA Football Awards ဆုပေးပွဲ ဇန်နဝါရီ (၁၅)ရက်တွင် အင်္ဂလန်နိုင်ငံ၌ ကျင်းပပြုလုပ်မည်

0
229

2023 The Best FIFA Football Awards ဆုပေးပွဲအား ယခု ဇန်နဝါရီလ (၁၅)ရက်နေ့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆုတစ်ဆုဖြစ်သည့် The Globe Soccer Maradona Award ဂိုးသွင်းရှင်ဆုကို ခရစ်စတီယာနိုရော်နယ်ဒိုက ရရှိသွားကြောင်း သိရသည်။

The Best FIFA Football Awards ဆုအတွက် စကာတင်စာရင်းများကို ဒီဇင်ဘာ (၁၄)ရက်က တရားဝင်ထုတ်ပြန်ထားပြီး၊ တစ်နှစ်တာအကောင်းဆုံး အမျိုးသား ကစားသမားဆု ဆကာတင်စာရင်းအတွက် အင်တာမိုင်ယာမီမှ မက်ဆီ၊ မန်စီးတီးမှ ဟာလန်း၊ PSG မှ အမ်ဘာပေတို့ ရွေးချယ်ခံထားရသည်။

FIFA က ကျင်းပပြုလုပ်မည့် 2023 The Best FIFA Football Awards ဆုပေးပွဲတွင် တစ်နှစ်တာအကောင်းဆုံး အမျိုးသား /အမျိုးသမီးဂိုးသမားဆု၊ တစ်နှစ်တာအကောင်းဆုံး အမျိုးသား/အမျိုးသမီးနည်းပြဆု၊ တစ်နှစ်တာအကောင်းဆုံး အမျိုးသား/အမျိုးသမီးကစားသမားဆုနှင့် ကမ္လာ့အကောင်းဆုံး ဂိုးသွင်းရှင်ဆု ကို ချီးမြှင့်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here