ပြင်ဦးလွင်မြို့ ကြီးကိုင်ရွာအဝင်လမ်းအနီး ဆိုင်ကယ် (၂) စီး တိုက်မိရာ (၂) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦးမှာ စိုးရိမ်ရ

0
154

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ကြီးကိုင်ရွာအဝင်လမ်းရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်အနီးတွင် ဆိုင်ကယ် (၂)စီး မတော်တဆ တိုက်မိခဲ့ရာမှ (၂) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦးမှာ စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့ ဇန်နဝါရီ (၇) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ကြာင့် အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရထားကြောင်း အသင်းသို့ ဆက်သွယ်အကြောင်းကြားချက်အရ သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာမှ ဒဏ်ရာရ လူနာ အမျိုးသမီး (၁) ဦး (စိုးရိမ်ရ) နှင့် ကျန်(၁)ဦး (မစိုးရိမ်ရ)တို့အား သန္တိသုခလူမှုကူညီရေးအသင်းမှ ပြည်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here