ပဲဈေးကွက်ရရှိရေး၊အခြားနိုင်ငံများနှင့် တန်းတူအခွင့်အရေးရရှိ​ရေး၊ အဆင့်မီပို့ကုန်များရရှိရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ခြင်းစက်ပစ္စည်း အရည်အသွေးမြှင့်တင်ခြင်းလုပ်​ဆောင်ကြရမည်

0
170

ပြည်တွင်း၌ သန့်စင်ကြိတ်ခွဲ ထုပ်ပိုးထားသည့် ပဲများကို ပြည်တွင်းစားသုံးမှု ပိုလျှံမှသာ ပြည်ပသို့ ပို့ကုန်အဖြစ် ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ Bright Light Group Ltd ၏ ပဲသန့်စင်စက်ရုံသို့ သွားရောက်ကာ စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည် ။

ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိရေးကို ဦးစားပေးဆောင်ရွက်ရန်၊ ပြည်တွင်းစားသုံးမှုပိုလျှံမှသာ ပြည်ပသို့ ပို့ကုန်အဖြစ် ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်ရန်၊ ပြည်ပသို့တင်ပို့ရာတွင်လည်း အတားအဆီးနှင့် ကန့်သတ်ချက်များလျှော့ချရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့အပြင် ဈေးကွက်ရရှိရေးနှင့် အခြားနိုင်ငံများနှင့် တန်းတူအခွင့်အရေးရရှိရန်၊ အဆင့်မီပို့ကုန်များရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ကာ စက်ပစ္စည်းများ အရည်အသွေးမြှင့်တင်ပြီး အလွှာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဝန်ကြီးက မှာကြားခဲ့သည်။

ထို့ပြင် Arkar Oo Co.Ltd., ၏ ပဲသန့်စင်စက်၊ ပဲအချော စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း ပြည်ပသို့တင်ပို့ရန် ပဲများကြိတ်ခွဲထုတ်လုပ်နေမှု၊ ထုပ်ပိုးပြီး တင်ပို့ရန် ပြင်ဆင်သိုလှောင်ထားရှိမှုကို အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစေရန်၊ ပိုးသတ်ဆေး ဓာတ်ကြွင်းများ မကျန်ရှိစေရန်နှင့် သီးနှံများ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here