ပြည်မြို့ ဗိုလ်ချုပ်လမ်းမပေါ် (ရွာဘဲဗလီရှေ့)တွင် ဆိုင်ကယ် (၂)စီး တိုက်မိရာမှ လူ (၃)ဦး ထိခိုက်ဒဏ်ရာရ

0
186

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ် (ရွာဘဲဗလီရှေ့)တွင် ဆိုင်ကယ် (၂)စီး မတော်တဆ တိုက်မိရာမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ဇန်နဝါရီ (၇) ရက်၊ ည (၉) နာရီခွဲ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရလူနာများရှိသဖြင့် အရေးပေါ် လာရောက်ကူညီပေးပါရန် ဆက်သွယ်အကြောင်းကြားသဖြင့် သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ် (၂) စီး တိုက်တာလို့ ပြောတယ်ဗျ။ ကျွန်တော်တို့ သွားတော့ (၃) ဦး ဒဏ်ရာရထားတယ်။ မ (၁) ဦး ကတော့ ခေါင်းထိပြီး အန်ထားတယ်ပေါ့။ အသက်အန္တရာယ်လောက်ထိတော့ မစိုးရိမ်ရပါဘူးဗျ။”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ တာဝန်ရှိသူက ပြောသည်။

ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦးအား ကရုဏာ သိဒ္ဓိလူမှုကူညီရေးအသင်းနှင့် ပူးပေါင်းကာ ပြည်မြို့ ကုတင် (၅၀၀) ဆေးရုံကြီး အရေးပေါ်ဌာနသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီမှ ပူးပေါင်း ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here