ကန်တော်ကြီး ပန်းကန်လုံးကျွန်းအနီးတွင် ရေန-စ်‌ေ-သဆုံး‌နေသည့် အမျိုးသမီး ရုပ်အလေ-ာင်း တွေ့ရှိ

0
195

ရန်ကုန်မြို့ ၊ ကန်တော်ကြီး၊ ပန်းကန်လုံးကျွန်းအနီးတွင် ရေန-စ်‌ေ-သဆုံး‌နေသည့် အမျိုးသမီး တစ်ဦး၏ ရုပ်အလေ-ာင်း တွေ့ရှိခဲ့သည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမူကူညီရေးအသင်းများမှ သိရသည်။

ယနေ့ ဇန်နဝါရီ (၈) ရက်၊ နေ့လယ် (၁၂)နာရီခွဲ အချိန်ခန့်က ကန်တော်ကြီး၊ ပန်းကန်လုံးကျွန်းတွင် ရေန-စ်‌ေ-သဆုံးသည့် အမျိုးသမီး ရုပ်အလေ-ာင်း တစ်လေ-ာင်း တွေ့ရှိကြောင်း သတင်းအရ လူမှုကူညီရေး အသင်းများဖြစ်သည့် လောကဟိတာဝဟ (ကျီတော်)၊ ဒီဃာယုက၊ သပြေကုန်းနှင့် Happy Rescue အသင်းတို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ဟုတ်တယ်၊ ပိုင်ရှင် ပေါ်သွားပါပြီ။ အ.ထ.က (၅) မင်္ဂလာတောင်ညွှန့်က ကျောင်းဆရာမ တစ်ဦးပါပဲ။ ကျွန်တော်တို့ အသင်းကတော့ ကိုယ်လုပ်ရမယ့် အလုပ်ဖြစ်တဲ့ ဘော်ဒီဆယ်ယူတာ လုပ်ပေးခဲ့ပါတယ်။ ဗဟန်းရဲတပ်ဖွဲ့စခန်းကပဲ လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်သွားမှာပါ။”ဟု လောကဟိတာဝဟ လူမှုကူညီရေးအဖွဲ့ (ကျီတော်)မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ရေန-စ်‌ေ-သဆုံးခဲ့သော အမျိုးသမီးမှာ အသက် (၄၀) နှစ် ဝန်းကျင်အရွယ်ရှိ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ကျောင်းဆရာမ တစ်ဦးဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရပြီး ရုပ်အလေ-ာင်းကို Happy Rescue မှ လူနာတင် ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ပြီး ဗဟန်းမြို့နယ် ရဲစခန်းမှ လိုအပ်သည့် စစ်ဆေးမှုများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here