ရန်ကုန်တွင် တစ်ချိန်တည်း မီးလောင်မှု (၂) နေရာ ဖြစ်ပွား

0
225

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် ဇန်နဝါရီ (၈)ရက်၊ နေ့လည် (၁၂)နာရီ ဝန်းကျင်အချိန်က တစ်ချိန်တည်း မီးလောင်မှု (၂) နေရာ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊ လမ်း (၅၀) နှင့် (၅၁) လမ်းကြားတွင် ဇန်နဝါရီ (၈) ရက် နေ့လယ် (၁၁)နာရီ (၅၂) မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကျောက်တံတားမြို့နယ် မီးသတ်စခန်းနှင့် ပုစွန်တောင်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့သဖြင့် နေ့လယ် (၁၂)နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (၁၂)နာရီ (၁၄)မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၉) ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ဇန်နဝါရီ (၈) ရက်၊ နေ့ လယ် (၁၂)နာရီ (၁၄)မိနစ်အချိန်ခန့်ကလည်း မီးလောင်မှုဖြစ်ပွားရာ ဒဂုံဆိပ်ကမ်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လယ် (၁၂)နာရီ (၂၀)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ မီးလောင်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုအခြေနေနှင့် မီးလောင်မှု အကြောင်းရင်းကို မီးသတ်တပ်ဖွဲ့မှ စုံစမ်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here