ဗြိတိန်၏သူလျှိုလုပ်မှုတစ်ခုကို ထပ်မံဖော်ထုတ်နိုင်ခဲ့ကြောင်း တရုတ်ထောက်လှမ်းရေးပြောကြား

0
166

တရုတ်နိုင်ငံရှိ လျှို့ဝှက်ချက်များနှင့် အချက်အလက်များကို စုဆောင်းရန်အတွက် ဗြိတိန်လျှို့ဝှက်ထောက်လှမ်းရေးဌာန(MI6) ၏ သူလျှိုလုပ်မှု ဖြစ်ရပ်တစ်ခုကိုထပ်မံဖော်ထုတ်ခဲ့ကြောင်း တရုတ်လုံခြုံရေးနှင့် ထောက်လှမ်းရေးအေဂျင်စီများက ပြောကြားခဲ့သည်။

ထိုသို့ပြုလုပ်ခြင်းသည် သက်ဆိုင်ရာနိုင်ငံများ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်းနှင့် အခြားနိုင်ငံများဆီသို့လည်း အရှိန်အဟုန်ဖြင့်ကူးစက်နိုင်ကြောင်း တရုတ်ထောက်လှမ်းရေးကဆိုသည်။

WeChat လူမှုမီဒီယာအကောင့်တွင် မျိုးရိုးအမည် Huang ဟုသာ သတ်မှတ်ထားသော နိုင်ငံခြားသားတစ်ဦးသည် ပြည်ပအတိုင်ပင်ခံအေဂျင်စီတစ်ခု၏တာဝန်ခံအဖြစ် အလုပ်လုပ်ကိုင်လျှက်ကပင်လျှင် ၂၀၁၅ ခုနှစ်တွင် MI6 နှင့် ထောက်လှမ်းရေးပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး ကို ထူထောင်ခဲ့ကြောင်း တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့နောက် MI6 က Huang ကို တရုတ်နိုင်ငံတွင်းသို့ အကြိမ်ပေါင်းများစွာ ဝင်ရန်ညွှန်ကြားခဲ့ပြီး ဗြိတိန်သူလျှိုလုပ်မှုအတွက် တရုတ်နိုင်ငံနှင့်ဆက်နွှယ်သည့် ထောက်လှမ်းရေးသတင်းအချက်အလက်များကို စုဆောင်းရာတွင် အများသူငါကဲ့သို့သော သာမန် ဇာတ်ရုပ်တစ်ခုကို အသုံးပြုရန် ညွှန်ကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MI6 သည် ဗြိတိန်နှင့် အခြားနေရာများတွင် Huang အတွက် ပရော်ဖက်ရှင်နယ် ထောက်လှမ်းရေး လေ့ကျင့်မှုများလည်း ပြုလုပ်ပေးခဲ့ပြီး ထောက်လှမ်းရေးသမားအချင်းချင်း ချိတ်ဆက်ခြင်းအတွက် အထူးသူလျှိုကိရိယာများကိုလည်း ပေးအပ်ခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဂရုတစိုက်စုံစမ်းစစ်ဆေးပြီးနောက် သူလျှိုလှုပ်ရှားမှုများတွင်Huangပါဝင်ပတ်သက်ကြောင်း ခိုင်မာသည့် အထောက်အထားများကို တွေ့ရှိခဲ့ပြီးနောက်မှသာလျှင် ပြည်နယ်လုံခြုံရေးအဖွဲ့အစည်းများက ၎င်းအား ရာဇ၀တ်မှုဆိုင်ရာအရေးယူမှုများပြုလုပ်ခဲ့ကြောင်းကိုလည်း တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here