ပြည်-အောင်လံ ကားလမ်းတွင် ဆိုင်ကယ် နှစ်စီး အရှိန်လွန် တိုက်မိရာ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ

0
83

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဘုရားကြီးအနီး ပြည် – အောင်လံကားလမ်းတွင် ဆိုင်ကယ် နှစ်စီး အရှိန်လွန် တိုက်မိမှု ဖြစ်ပွားရာမှ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) မှ သိရသည်။  

ပြည် – အောင်လံ ကားလမ်းတွင် ဇန်နဝါရီ (၈) ရက်၊ ည (၇) နာရီခွဲ အချိန်ခန့်က ဆိုင်ကယ် နှစ်စီး တိုက်မိမှု ဖြစ်ပွားရာ ဒဏ်ရာရ လူနာများရှိသဖြင့် အရေးပေါ် လာရောက်ကူညီပေးပါရန် ဆက်သွယ်အကြောင်းကြားသဖြင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ ပျူနှလုံးသား လူမှုကူညီရေးအသင်းနှင့် ပူးပေါင်းကာ သွားရောက်ခဲ့ခြင်းဖြစ်သည်။  

“ဆိုင်ကယ် နှစ်စီး အရှိန်လွန်တိုက်မိလို့ ဒဏ်ရာရသူ အမျိူးသား နှစ်ဦးထဲက တစ်ဦးကို ကျွန်တော်တို့အသင်းက တင်ဆောင်ပြီး ကျန်တစ်ဦးကို ပျူနှလုံးသားအသင်းက ဆေးရုံပို့ပေးခဲ့တယ်”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) က ဆိုသည်။ 

အခင်းဖြစ်ရာအရောက် ဆိုင်ကယ် နှစ်စီး တိုက်မိမှုကြောင့် ထိခိုက်ဒဏ်ရာရ အမျိုးသားလူနာ (၂)ဦးအား ပျူနှလုံးသား လူမှုကူညီရေးအသင်းနှင့် ပူးပေါင်းကာ ဆေးကုသမှု ခံယူနိုင်ရန် ပြည်မြို့ ကုတင် (၅၀၀) ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပူးပေါင်းကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ဇန်နဝါရီ (၇)ရက် ညပိုင်းကလည်း ပြည်မြို့ ဗိုလ်ချုပ်လမ်းမပေါ် (ရွာဘဲဗလီရှေ့) ဆိုင်ကယ် (၂)စီး တိုက်မိမှုဖြစ်ပွားရာ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သေးကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here