စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧရာဝတီလင်းပိုင် ကြည့်ရှုရေးခရီးစဉ်ဖော်ဆောင်နေ

0
167

စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်ပခရီးသွားဧည့်သည်များ ကြည့်ရှု့လေ့လာနိုင်သည့် ဧရာဝတီလင်းပိုင် ကြည့်ရှုရေးခရီးစဉ်ဖော်ဆောင်နေကြောင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်စိန်၏ ပြောကြားချက်အရ သိရသည်

“ဧရာဝတီလင်းပိုင်ဆိုတာ တခြားနိုင်ငံတွေမှာလည်း ရှိပေမယ့် မြန်မာနိုင်ငံရဲ့အမည်ကို ကိုယ်စားပြုပြီးတော့ ပေးထားတာဖြစ်ပါတယ်။ ဧရာဝတီလင်းပိုင်ရဲ့ activity ကို ပြခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ကျေးလက်နေလူမှုဘဝ၊ တံငါသည်တွေရဲ့လူမှုဘဝတွေကို နိုင်ငံခြားသားတွေအနေနဲ့တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မင်းကွန်းဒေသကိုလည်း ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဧရာဝတီလင်းပိုင် ကြည့်ရှုရေးခရီးစဉ်အတွက် လှေနှစ်စီးလိုအပ်ပြီး လည်ပတ်စီးနင်းခွင့်နှုန်းထားများမှာ ခရီးသွားကုမ္ပဏီနှင့် တံငါသည်‌များ၏ သဘောတူညီချက်အရ နှစ်ယောက်စီးလှေတစ်စီးလျှင် ၄၀၀၀၀ ကျပ်၊ လေးယောက်စီးလှေတစ်စီးလျှင် ၄၀၀၀၀ ကျပ်သတ်မှတ်ထားပြီး ကြည့်ရှုချိန် (၂)နာရီကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီမြစ်အတွင်း မင်းကွန်းဒေသမှ ကျောက်မြောင်းဒေ သအထိ ၇၂ ကီလိုမီတာကို လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအဖြစ်သတ်မှတ်ထားပြီး ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံ ဧရာဝတီမြစ်၊ အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုဒေသ မဟာကမ်မြစ်နှင့် မဲခေါင်မြစ်များတွင် နေထိုင်ကျတ်စားကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here