ပြိုင်ဘက်ဘရာဇီးဖိုက်တာကို ဒုတိယ အချီတွင် ပွဲသိမ်းပြမည်ဟုဆိုလာသည့် ဂျိုရှူအာဗန်

0
120

UFC တွင် ထိုးသတ်နေသည့် မြန်မာပြည်ဖွား MMA ဖိုက်တာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် သည် ပြိုင်ဘက်ဘရာဇီးဖိုက်တာကို ဒုတိယ အချီတွင် အလဲထိုး (သို့မဟုတ်) ချုပ်ကွက်ဖြင့် ပွဲသိမ်းပြမည်ဖြစ်ကြောင်း အသိပေးလာသည်။

လာမည့် ဇန်နဝါရီ (၁၃) ရက် UFC Fight Night 234 ပြိုင်ပွဲတွင် ချင်းတိုင်းရင်းသား နှင့် ဘရာဇီးနိုင်ငံသား Felipe Bunes တို့ ထိုးသတ်သွားကြမည်ဖြစ်သည်။

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်သည် UFC တွင် ပထမဆုံးမြန်မာကိုယ်စားပြုထိုးသတ်နိုင်သည့် လူငယ်ဖြစ်ပြီး ယခုပွဲစဥ်သည် သူ၏ UFC တတိယမြောက်ပွဲစဥ်ဖြစ်ကာ ရှေ့တွင်ထိုးသတ်ခဲ့သည့် (၂) ပွဲ စလုံးကို အမှတ်ဖြင့် အနိုင်ရရှိထား သည်။

ဂျိုရှုအာဗန်နှင့် ထိုးသတ်မည့် ဘရာဇီးနိုင်ငံသား Felipe Burns သည် အသက် (၃၄) နှစ်အရွယ်ရှိပြီး ကြေးစားသမားအဖြင့် (၁၉) ပွဲထိုးသတ်ထာရာ (၁၃) ပွဲနိုင် (၆) ပွဲရှုံးနိမ့်ထားသူဖြစ်ကြောင်း သိရသည်။

လာမည့်ပွဲအတွက် ပြင်ဆင်ရင်း (၃) ပတ် ဆက်တိုက် နေမကောင်းဖြစ်ခဲ့သော်လည်း ဒုတိယအချီမှာပင် အလဲထိုး (သို့မဟုတ်) ချုပ်ကွက်ဖြင့် ပွဲသိမ်းပြမည်ဖြစ်ပြီး ဝန်းရံအားပေးနေသည့် မြန်မာပရိသတ်များရှေ့တွင် ရှုံးပွဲ မတွေ့ကြုံချင်ကြောင်း ဂျိုရှုအာဗန်က အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here