နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ချေးငွေများ ထုတ်ချေးပေး

0
177

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်း သက်သာမှုရှိသော ချေးငွေများကို ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များသို့ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းရှိ ဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မှီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုအဖွဲ့မှ သိရသည်။

ချေးငွေရယူလိုသည့် ဆီစက်ပိုင်ရှင်များအနေဖြင့် လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်ဖြစ်ရမည်ဖြစ်ပြီး လုပ်ငန်းအမည်ပေါက် လိုင်စင်(သက်တမ်းရှိ) ရရှိရမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင် ခွင့်လက်မှတ် ပုံစံ(၇) ပေးအပ်နိုင်ရမည်ဖြစ်ပြီး နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

ထို့အပြင် FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ် ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်များအား ဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေပမာဏအဖြစ် လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် (Working Capital) အတွက် ချေးငွေ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ၊ မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေ အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ သတ်မှတ်ထားကြောင်း သိရသည်။

ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာအဖြစ် လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် ချေးငွေသက်တမ်း (၁) နှစ်၊ မတည်ရင်းနှီးငွေအတွက် ချေးငွေသက်တမ်း (၃)နှစ် ၃ ရစ်ဆပ်ဖြစ်ပြီး ချေးငွေအတိုးနှုန်းအဖြစ် ၁ နှစ်လျှင် ၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ချေးငွေလျှောက်လွှာများကို ပြည်ထောင်စုနယ်မြေနေပြည် တော်၊ တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ ဆီစက်ပိုင်ရှင်များ အသင်းရုံးများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးများ၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများ၊ မြန်မာ့စီးပွားရေးဘဏ်ခွဲများ၊ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်ခွဲများ၊ www.mopf.gov.mm ၊www.meoma.o rg ၊ www.meoda.myanmarwebtraining.com ၊ www. meb.gov.mm ၊ www.madb.gov.mm တို့တွင် download ရယူနိုင်ကြောင်း သိရသည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို ပထမအကြိမ်ချေးငွေအဆိုပြုလွှာခေါ်ယူပြီး Project Management Unit နှင့် PFI ဘဏ်များမှ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၂၀၂၃ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြ ည်နယ် ခုနစ်ခုတို့မှ လုပ်ငန်းရှင် (၂၁) ဦးသို့ ငွေကျပ် ၁၇၇၃ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒုတိယအကြိမ်အဖြစ် ပြည်တွင်းရှိ ဆီစက်လုပ်ငန်းရှင် (၃၇) ဦးမှကျပ် ၆ ဒသမ ၇ ဘီလီယံကျော်ထုတ်ချေးပေးရန်တင်ပြထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here