ကန် နိုင်ငံခြားရေးဝန်ကြီးသည် စစ်ပြီး‌ကာလ ဂါဇာအတွက် ဆွေးနွေးခဲ့

0
110

အစ္စရေးနှင့်ဟားမတ်စ်စစ်ပွဲပြီးဆုံးသည်နှင့် ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာအစီအစဉ်များစတင်ရန် အာရပ်နိုင်ငံ လေးနိုင်ငံနှင့် တုကီယေးတို့ သဘောတူညီခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဇန်နဝါရီ ၈ ရက်တွင်ပြောကြားခဲ့သည်။

ဒေသတွင်းစစ်မက်ဖြစ်ပွားမည်ကို စိုးရိမ်မှုများမြင့်တက်နေသဖြင့် ပဋိပက္ခမပြန့်ပွားရန် အဓိကရည်ရွယ်သည့်အရေးပေါ်တာဝန်တစ်ရပ်အနေဖြင့် အရှေ့အလယ်ပိုင်းသို့ရောက်ရှိနေသည့် မစ္စတာဘလင်ကန်က ဆော်ဒီအာရေးဗျ၊ဂျော်ဒန်၊ကာတာ၊အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် တုကီယေးတို့ကပါဝင်ပြီး ပံ့ပိုးကူညီရန် စဉ်းစားသွားမည်ဟုလည်းဆိုခဲ့သည်။

အဆိုပါနိုင်ငံများသည် မူလပထမက အမေရိက၏ ဂါဇာအတွက် စစ်ပြီးချိန်အကူအညီများအစီအစဉ်အား ကန့်ကွက်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနှင့် အရပ်သားများကို ထိခိုက်မှုနည်းစေမည့်နည်းဖြင့်သာ ဟားမတ်စ်အဖွဲ့အားလက်တုန့်ပြန်ရန်ပြောကြားခဲ့သည့်နိုင်ငံများဖြစ်သည်။

မစ္စတာဘလင်ကန်ကမူ ၎င်းသွားခဲ့သမျှနိုင်ငံများ၏ခေါင်းဆောင်များသည် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခအား ပိုမိုမကျယ်ပြန့်လာစေရေး ကိုကြိုးစားနေကြသည့်ခေါင်းဆောင်များသာဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here