မိုင်းလားဘက်မှ တရုတ်သို့ ဆန်တင်ပို့မှု တွက်ချေမကိုက်နိုင်ဟုဆို

0
188

မူဆယ်နယ်စပ်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ကျိုင်းတုံ-မိုင်းလားလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ရောင်းချမည်ဆိုပါက တွက်ချေမကိုက်နိုင်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်း၏ ပြောပြချက်အရ သိရသည်။

“မိုင်းလားဘက်က ပို့မယ်ဆိုရင် တွက်ချေမကိုက်ဘူး။ ခရီး စရိတ်ထောင်းတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှတစ်ဆင့် ဖြတ်သန်းသွားလာရသည့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်လျက်ရှိပြီး ဆန်/ဆန်ကွဲမှလွဲ၍ အချို့ကုန်စည်များကို ဗန်းမော်-လွယ်ဂျယ်နှင့် ကျိုင်းတုံ-မိုင်းလားလမ်းကြောင်းမှ ပြောင်းလဲတင်ပို့နေကြခြင်း ဖြစ်သည်။

“တရုတ်ဘက်ကလည်း ဘယ်လမ်းကြောင်းကပဲပို့ပို့ ဈေးကို ပုံမှန်အတိုင်းပဲပေးတာ။ အမြတ်သိပ်မကျန်ဘူး။ တစ်ပါတ်ကြီးပါတ်သွားရတာ”ဟု ဦးမင်းသိမ်းက ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အချက်အလက်များအရ ဒီဇင်ဘာလအတွင်း နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဆန်/ဆန်ကွဲတင်ပို့မှု ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။

“ရှမ်းမြောက်နယ်စပ်က ဆန်တင်ပို့မှုက ၁၀၀ ရာခိုင်နှုန်း လုံးဝရပ်ဆိုင်းသွားတာပေါ့”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုလမ်းကြောင်းကို ရွေးချယ်လာကြပြီး ဒီဇင်ဘာလအတွင်း ပင်လယ်ရေကြောင်း ပုံမှန်ကုန်သွယ်မှုမှ ဆန်/ဆန်ကွဲ မက်ထရစ်တန် ၃၀၀၀၀ ခန့် ပိုမိုတင်ပို့ထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here