မန္တလေး၊ ချမ်းမြသာစည်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားရာ အမျိုးသား တစ်ဦး အသက်ဆုံးရှုံး

0
153

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၅)ရပ်ကွက်၊ (၆၈) လမ်း၊ (၁၁၁) လမ်းနှင့် (၁၁၂) လမ်းကြားတွင် နေအိမ်မီးလောင်မှုဖြစ်ပွားရာ အမျိုးသား တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် သွားရောက်ကူညီသည့် ဒေသတွင်း လူမှုကူညီရေးအသင်းမှ သိရသည်။

ဇန်နဝါရီ (၁၀) ရက်၊ နံနက် (၁)နာရီ (၁၅)မိနစ်အချိန်ခန့်က အဆိုပါ နေအိမ်၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ် (၂)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ မီးသတ်ရေသယ်ရေယာဉ်(၉)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဒေသတွင်း လူမှုကူညီရေးအသင်းများမှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၁)နာရီ (၅၈) အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် အဆိုပါ မီးလောင်မှုကြောင့် နေအိမ်ရှိ အမျိုးသား တစ်ဦး မီးလောင်ဒဏ်ရာများဖြင့် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်စဉ်အသေးစိတ်ကို မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo – မဏီစလ လူမှု/နာမှု ကူညီရေးအသင်း – မန္တလေးမြို့


LEAVE A REPLY

Please enter your comment!
Please enter your name here