အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများသို့ သုံးနိုင်ငံခရီးစဉ် စတင် 

0
103

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုဟာ အာဆီယံ သုံးနိုင်ငံ ခရီးစဉ်အဖြစ် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများသို့ ဇန်နဝါရီ ၉ ရက်မှာ စတင်ထွက်ခွာခဲ့ပြီး ယင်းနိုင်ငံများရဲ့ ခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဝီဒိုဒိုဟာ ပထမဆုံး သူ့ရဲ့ ဖိလစ်ပိုင်နိုင်ငံခရီးစဉ်အတွင်း သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနဲ့ တွေ့ဆုံသွားဖို့ရှိနေကာ ဒေသတွင်း တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကြီးထွားလာခြင်းကို တန်ပြန်ရာမှာ အိမ်နီးချင်းနှစ်နိုင်ငံတွေအကြား လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းစေရေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

သမ္မတဟာ အာဆီယံ သုံးနိုင်ငံခရီးစဉ်ကို ဇန်နဝါရီ ၉ ရက်ကနေ ၁၄ ရက်အထိ သွားရောက်မှာဖြစ်တယ်လို့ အင်ဒိုသမ္မတရဲ့ အထူးညှိနှိုင်းရေးအရာရှိ Ari Dwipayana ကလည်း ပြောဆိုပါတယ်။ 

သမ္မတရဲ့ ခရီးစဉ်ဟာ အင်ဒိုနီးရှားနဲ့ အာဆီယံသုံးနိုင်ငံအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးရည်ရွယ်တယ်လို့ ၎င်းက ပြောဆိုပါတယ်။ 

သုံးနိုင်ငံခရီးစဉ်ရဲ့ နောက်ကွယ်က မဟာဗျူဟာ အဓိပ္ပါယ်ကို ခရီးစဉ်မထွက်ခွာမီ သမ္မတက ရှင်းလင်းပြောဆိုသွားမှာဖြစ်ကြောင်းနဲ့ သုံးနိုင်ငံခရီးစဉ်ရဲ့ အသေးစိတ်အချက်အလက်တွေကို နိုင်ငံခြားရေးဝန်ကြီးက အချိန်နဲ့တပြေးညီ ထုတ်ပြန်သွားလိမ့်မယ်လို့လည်း ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။ 

Ref: Nikkei Asia,ANTARA


LEAVE A REPLY

Please enter your comment!
Please enter your name here