၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြို့လှသကြားစက်မှ သကြားဖြူ တန် ၁​သောင်း​ကျော်ထုတ်လုပ်နိုင်ခဲ့

0
136

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ မြို့လှ အမှတ်(၅) သကြားစက်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သကြားဖြူ ၁၃၀၅၇ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ (၈) ရက် နေ့လယ်ပိုင်းတွင် အမှတ် (၅) သကြားစက် မြို့လှသို့ပြည်ထောင်စုဝန်ကြီးသည်သွားရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ပြည်တွင်းစားသုံးရန်အတွက် လုံ လောက်စွာဖြန့်ဖြူးရန်နှင့် လိုအပ်သောဒေသများသို့ အချိန် မီရောက်ရှိရေး ဆောင်ရွက်ရန်၊ စားသုံးသူများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချရန်နှင့် ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်ရန် ပြည်ထောင်စုဝန်ကြီးက  တာဝန်ရှိသူများနှင့်​ဆွေး​နွေးခဲ့‌​ကြောင်း သိရသည်။

ထို့အပြင် တာဝန်ရှိသူများက သကြားကြိတ်ခွဲထုတ်လုပ်ရန် ကြံဝယ်ယူရရှိမှု၊ ကြိတ်ခွဲမှုအဆင့်ဆင့်နှင့် ကုန်ချောသကြားများ ပြည်တွင်းသို့ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ သကြားစက်သည် တစ်ရက်လျှင် ကြံ ၂၂၀၀ တန် ကြိတ်နိုင်ပြီး တစ်ရက် သကြားဖြူ ၂၁၆ တန် ထွက်ရှိကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သကြားဖြူ ၁၃၀၅၇ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here