အာဆီယံ-ဆိုးလ်ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ယူသွားမည် 

0
196

အာဆီယံ-ဆိုးလ်ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆)လကြာ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံ-ဆိုးလ်ကော်မတီ (ASEAN Committee in Seoul – ACS) ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လာအိုသံရုံးမှ မြန်မာသံရုံးသို့ တရားဝင်လွှဲပြောင်းသည့် အခမ်းအနားကို ဇန်နဝါရီ (၉) ရက်၊ ည (၆)နာရီခွဲ ကျင်းပခဲ့ကြောင်း သိရသည်။  

အခမ်းနားသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ ဆိုးလ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ တက်ရောက်ခဲ့ပြီး သံအမတ်ကြီး ဦးသန့်စင်မှ ဥက္ကဋ္ဌတာဝန်ကို လက်ခံရယူခဲ့ကြောင်း သိရသည်။  

အခမ်းအနားတွင် လာအိုသံအမတ်ကြီးက ၎င်းတို့သံရုံး တာဝန်ယူစဉ်ကာလအတွင်း ACS အနေဖြင့် အိမ်ရှင်ကိုရီးယားသမ္မတနိုင်ငံအစိုးရနှင့် ထိတွေ့ဆောင်ရွက်ခဲ့မှုများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် ASEAN Korea Centre (AKC) နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့မှုများ ရှင်းလင်းပြောကြားခဲ့သည်။  

၎င်းတာဝန် ယူစဉ်ကာလအတွင်း လုပ်ငန်းပြီးပြတ်ခြင်း မရှိသေးသည့် ကိစ္စရပ်များနှင့် အာဆီယံ ကော်မတီ၏ လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ACS ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာသံအမတ်ကြီးထံ လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြန်မာသံအမတ်ကြီးက ကော်မတီအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ACS ကော်မတီနှင့် အိမ်ရှင်အစိုးရနှင့် အဖွဲ့အစည်းတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည့် ကိစ္စရပ်များအပေါ် ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here