(၈) လကျော်ကာလအတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိထား

0
149

ယခုဘဏ္ဍာနှစ်၏ ရှစ်လကျော် ကာလအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင်အချက်အလက်များအရ သိရသည်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလ (၁) ရက်မှ ဒီဇင်ဘာလ (၂၂) ရက်အထိ ပြည်ပသို့သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော် ရရှိထားပြီး ပို့ကုန်တင်ပို့မှုများထဲမှ ဒုတိယ အများဆုံး ပို့ကုန်ဝင်ငွေရရှိထားခြ င်းဖြစ်သည်။

သဘာဝဓာတ်ငွေ့ကို ထိုင်း၊ တရုတ်နှင့် ဂျပန်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိကာ ရတနာ၊ ရဲတံခွန်၊ ရွှေနှင့် ဇော်တိကစီမံကိန်းတို့မှ ထုတ်လုပ်တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံတွေထံ တင်ပို့ခဲ့သည့် ပို့ကုန်အမယ် (၁၀) မျိုးထဲတွင် သဘာဝဓာတ်ငွေ့ပို့ကုန်သည် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း၊ မတ်ပဲ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ရော်ဘာ၊ ပဲစင်းငုံ၊ နှမ်း၊ မြေပဲ၊ ကြက်သွန်နီ၊ နနွင်းတက်၊ မန်ကျည်းသီး၊ ချင်းခြောက်၊ ဝဥ၊ ကြက်ဆူစေ့၊ ကော်ဖီစေ့၊ သီဟိုဠ်စေ့၊ ဝါ၊ ပီလောပီနံ၊ ဖရဲ၊ သခွား၊ သရက်၊ တစ်သျှူးငှက် ပျော စသည့် လယ်ယာထွက်တွေအပြင် ရေထွက်ပစ္စည်းကဏ္ဍမှ ငါးမျိုးစုံ၊ ပုစွန်၊ ဂဏန်း၊ ငါးရှဉ့်၊ ငါးလေးခြောက်၊ ငါး ခြောက်များ တင်ပို့ထားကြောင်း သိရသည်။

ထို့ပြင် စက်မှုကဏ္ဍမှလည်း သစ်ပါးလွှာနှင့်အထပ်သားများ၊ သစ်အချောထည် ထုတ်ကုန်များ၊ ချုပ်ပြီးအထည်၊ သကြားနှင့် အခြားစက်မှုကုန်ချော ထုတ်ကုန်များကိုလည်း တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here