ရုရှားကို လက်နက်များပေးပို့နေသည်ဟူသော ဝေဖန်မှုများကြားကပင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် လက်နက်စက်ရုံများသို့ သွားရောက်ခဲ့

0
177

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ယခုသီတင်းပတ်အတွင်း နိုင်ငံ၏ လက်နက်စက်ရုံများသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

ကင်ဂျုံအန်သည် လက်နက်စက်ရုံများတွင် လတ်တလောဖြစ်ပွားနေသည့် “အားနည်းချက်များ” ကို ထေယက်ပြခဲ့ပြီး “လက်နက်ကြီးများထုတ်လုပ်ခြင်း၏ မဟာဗျူဟာမြောက် အရေးပါမှု” ကို အလေးပေးဆောင်ရွက်ရန် တောင်းဆိုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့သည်။

KCNA မှ ထုတ်ပြန်သော ဓာတ်ပုံများတွင် ကင်ဂျုံအန်သည် မိုဘိုင်းတာတိုပစ်ဒုံးကျည် ပစ်လွှတ်သည့်ယာဉ်များကို စစ်ဆေးကြည့်ရှုနေကြောင်း တွေ့မြင်ကြရသည်။

ရုရှားနိုင်ငံအား မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များ ထောက်ပံ့မှုအပေါ် နိုင်ငံပေါင်း ၅၀ နီးပါးကဝေဖန်ပြောဆိုနေစဉ်တွင် ကင်ဂျုံအန်၏ ယခုခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိဆူလီဗန်သည် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချန်ဟိုဂျင်နှင့် အင်္ဂါနေ့က ဖုန်းခေါ်ဆိုမှုအတွင်း မြောက်ကိုရီးယား၏ ဒုံးကျည်များကို ရုရှားနိုင်ငံသို့ လွှဲပြောင်းပေးမှုကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here