ဂေါ်ရင်ဂျီကျွန်း ခရီးစဉ်ဒေသမြှင့်တင်ရေး အစီအစဉ်များဆောင်ရွက်မည် 

0
249

ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့အနီးရှိ ဂေါ်ရင်ဂျီကျွန်း ခရီးစဉ်ဒေသမြှင့်တင်ရေး အစီအစဉ်များဆောင်ရွက်မည်ဖြစ်ကြောင်း  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့  ဇန်နဝါရီလ (၉) ရက် မွန်းလွဲပိုင်းက ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ သွားလာလည်ပတ်လေ့ရှိသော ဂေါ်ရင်ဂျီကျွန်း သို့သွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်စဥ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျွန်းပေါ်တွင် သန့်ရှင်းသာယာ လှပပြီး အမှိုက်ကင်းစင်ရေးနှင့် အမှိုက်များနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ပင်လယ်ရေအောက် သဘာဝအလှအပများနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မရှိစေရေးတို့ကို အထူးအလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ဂေါ်ရင်ဂျီဟိုတယ်သို့ သွားရောက်၍ ဟိုတယ်တွင် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ် Hotels Guest List Management System (HGLMS)ကို စနစ်တကျအသုံးပြုနေမှု အခြေအနေများ၊ လာရောက် တည်းခိုသည့် ဧည့်သည်များကို သန့် ရှင်းလတ်ဆတ်သည့် အသီးအနှံများဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဟိုတယ်တွင် စိုက်ပျိုးထားသော Organic စိုက်ခင်းနှင့် ဒေသထွက်ပစ္စည်းများရောင်းချထားမှု အခြေအနေများ၊လာရောက်တည်းခိုမည့် ခရီးသွားဧည့်သည်များအား ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (Health and Safety Protocols – HSP) ရရှိအောင် ဆောင်ရွက်သွားရန်နှင့် အမှတ်တရပစ္စည်းများ ရောင်းချရာတွင် ဒေသထုတ်ကုန်များ ပိုမိုထည့်သွင်းရောင်းချနိုင်ရေး စီမံဆောင်ရွက်သွားကြရန် ဦးဖြိုးဇော်စိုးက အား​ပေးမှာကြားခဲ့သည်။ 

ဂေါ်ရင်ဂျီကျွန်း ခရီးစဉ်ဒေသကို ပြည်တွင်း ခရီးသွားများသာမက ပြည်ပခရီးသွားများပါ ပိုမိုသိရှိလာစေရန်အတွက် လူသိများ သောမီဒီယာ Channal များမှတဆင့်မြှင့်တင် ကြော်ငြာခြင်း၊ ဂေါ်ရင်ဂျီကျွန်း ကမ်းခြေဒေသ၏ အလှအပများနှင့် ထူးခြားသည့် ဆွဲဆောင်မှုများကို ရိုက်ကူးထားသည့် ဓာတ်ပုံနှင့်ဗီဒီယိုများကို Digital နည်းပညာ အသုံးပြုပြီး လူမှုကွန်ယက် မီဒီယာများမှတစ်ဆင့် မြှင့်တင်ကြော်ငြာခြင်း၊ ခရီးသွား အေဂျင်စီများနှင့်ပူးပေါင်းပြီး ခရီးသွား Package များ၊ မက်လုံးပေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊ ခရီးသွား Blogger များ၊ Influencer များစသည့် ထင်ပေါ်ကျော် ကြားသူများနှင့် ပူးပေါင်း၍ လူအများသိရှိအောင် ဆောင်ရွက်ခြင်းစသည့် ခရီးစဉ်ဒေသမြှင့်တင်ရေး အစီအစဉ်များဆောင်ရွက်ရန်လည်း အကြံပြုခဲ့​ကြောင်းသိရသည်။

ဂေါ်ရင်ဂျီကျွန်းသည် အလားအလာရှိသော ကမ်းခြေခရီးစဉ် ဒေသဖြစ်သောကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုသိရှိပြီးလာရောက် လည်ပတ်စေရန်နှင့် ခရီးသွားလုပ်ငန်းကြောင့် သဘာဝအလှအပများ ပျက်စီးမှုမရှိစေရန် စနစ်တ ကျထိန်းသိမ်း ကာကွယ်သွားကြရန်လည်း လမ်းညွှန်မှာ ကြားခဲ့ကြောင်းလည်း သိရသည်။

Photo – Golden Beach


LEAVE A REPLY

Please enter your comment!
Please enter your name here