ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းအသစ် ၄၀၀ ကျော်အား လိုင်စင်များခွင့်ပြု

0
117

ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများအတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းအသစ် ၄၀၀ ကျော်ကို လိုင်စင်များခွင့်ပြုပေးခဲ့ကြောင်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့မှ သိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်အထိ  ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းလိုင်စင် (အသစ်) များ ခွင့်ပြုခဲ့သည့် ပုဂ္ဂလိကဆေးရုံ (၂၇၅)ရုံ၊ သားဖွားခန်း (၄၀) ၊ အထူးဓာတ်ခွဲလုပ်ငန်း (၇၃) ခု၊ အထူးဓာတ်မှန်လုပ်ငန်း (၁၇) ခု၊ ကျန်းမာရေးအကျိုးဆောင်လုပ်ငန်း (၂၀) ခု၊ အထွေထွေကျန်းမာရေးလုပ်ငန်း (၁၈) ခုတို့ကိုလုပ်ငန်းလိုင်စင်များခွင့်ပြုခဲ့ပြီး အတွင်း လူနာတက်ရောက်နိုင်သည့် ခုတင်အရေအတွက်သည် ၁၂၄၉၃ လုံးပါဝင်ကြောင်း သိရသည်။

ထို့အပြင် ပုဂ္ဂလိကကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ် တိုးတက်ဖြစ်ထွန်းစေရန်အတွက် ကျောက်ကပ် သွေးသန့်စင်ခြင်းနှင့် ကျောက်ကပ်အစားထိုးကုသမှုများအား ခွင့်ပြုပေးလျက်ရှိပြီး နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတိုးတက်စေရေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် လိုင်စင်ရထားသူများအနေဖြင့် ကျန်းမာရေးဝန်ထမ်းများခန့်ထားရာတွင် သက်တမ်းရှိလိုင်စင်များရှိစေရေး၊ တည်ဆဲဥပဒေနှင့် ငြိစွန်းထားသူများကို မခန့်အပ်စေရေး၊ အမှန်တကယ် တာဝန်ထမ်းဆောင်ကြောင်း သက်ဆိုင်ရာ ကာယကံရှင်များ၏ ဖော်ပြချက်တင်ပြရေးနှင့် အချိန်နှင့်တပြေးညီခွင့်ပြုချက် လျှောက်ထားနိုင်ရေးလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့က ဆိုသည်။

ဆေးကုသရေး လုပ်ငန်းများအတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေး ခန်းများ၏ အခန်းကဏ္ဍသည် များစွာအထောက်အကူပြု၍ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ၏ လုပ်ငန်းလိုင်စင်ရရှိရေးအပါအဝင် လုပ်ငန်း များမြန်ဆန်အောင် ဆောင်ရွက်ပေးရန်နှင့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်စေရေးအတွက် ကြီးကြပ်ပံ့ပိုးဆောင်ရွက်ကြရန်လိုအပ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here