တရုတ်ဂြိုဟ်တုလွှတ်တင်မှုကို ရွေးကောက်ပွဲအားနှောင့်ယှက်ခြင်းဟုမယူဆဟုထိုင်ဝမ်ဆို

0
101

တိုင်ပေ၊ဇန်နဝါရီ ၁၀

တရုတ်နိုင်ငံက ယမန်နေ့ကလွှတ်တင်ခဲ့ပြီး ထိုင်ဝမ်နိုင်ငံတောင်ပိုင်းသို့ဖြတ်ကျော်ပျံသန်းသွားသည့် ဂြိုဟ်တုကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်းဟုမယူဆကြောင်း ထိုင်ဝမ်သမ္မတရုံးကပြောကြားခဲ့သည်။

အင်္ဂါနေ့က ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် တရုတ်က ဒုံးကျည်ပစ်လွှတ်သဖြင့် ပြည်သူများသတိဖြင့်နေထိုင်ကြရန် လက်ကိုင်ဖုန်းများသို့ အကြောင်းကြားစာပေးပို့သတိပေးခဲ့ပြီးနောက် ဒုံးကျည်မဟုတ်ဘဲ ဂြိုဟ်တုသာဖြစ်သဖြင့် မှားယွင်းထုတ်ပြန်မိခဲ့သည့်အပေါ် ပြန်လည်တောင်းပန်ခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အမှားကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရသကဲ့သို့  ထိုင်ဝမ်သည် တရုတ်အား ရွေးကောက်ပွဲ၌ စစ်ရေး၊နိုင်ငံရေး၊စီးပွားရေးနှင့်အခြားနည်းလမ်းများဖြင့် ဝင်နှောင့်ယှက်ရန်ကြိုးပမ်းနေခဲ့သည်ဟုလည်းပြောကြားခဲ့သည်။

ထိုင်ဝမ်အတိုက်အခံပါတီ ကူမင်တန်ကမူ ယင်းဖြစ်စဉ်ကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်ခဲ့ရသည့်အတွက် အာဏာရပါတီကို ဝေဖန်ပြစ်တင်ခဲ့ပြီး ဂြိုဟ်တုလွှတ်တင်ခြင်းသည် ရွေးကောက်ပွဲ၏အသုံးချခံလက်နက်မဟုတ်ကြောင်းလည်းဆိုခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here