ဖားကန့် တိုက်ပွဲကြောင့် ဒေသတွင်း စစ်ရှောင်ပြည်သူ (၇၀၀၀)ကျော် အထိရှိလာ

0
151

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ် ဒေတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူ (၇၀၀၀)ကျော်အထိ ရှိလာပြီဖြစ်သည်ဟု စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ ကိုထွန်းက ပေါ်ပြူလာနယူးစ် သို့ ယနေ့တွင် ပြောသည်။

တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် ‌ဆိုင်းတောင်ကျေးရွာသို့ ဝှေခါရွာ အပါအဝင် ဂျမ်ဂါရွာနှင့် မော်လကန်ရွာရှိ ဒေသခံစစ်ရှောင်ပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

လက်ရှိတွင် ဆိုင်တောင်ကျေးရွာ၌ လက်ရှိတွင် စစ်ရှောင်စခန်း(၁၀)ဖွင့်လှစ်ထားပြီး၊ စစ်ရှောင်များအတွက် ဆန်ဆီ နှင့်စာနပ်ရိက္ခာအရေးပေါ်လိုအပ်နေသည်ဟု ကိုထွန်းက ဆိုသည်။

“ဒီနေ့ (ဇန်နဝါရီ ၁၀)ရက်နေ့အထိ ကို စစ်ရှောင်တွေ တစ်သုတ်ပြီး တစ်သုတ်ရောက်လာနေတယ်။ အခုက ဆိုင်းတောင်ရွာက ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယန်ကျောင်းတွေ ဒီဘာသာရေးအဆောက်အအုံတွေမှာ ခိုလှုံနေကြရတာပေါ့။ စစ်ရှောင်ရင်း မီးဖွားမယ့်အမျိုး သမီးတွေတောင်ပါလို့ ကျွန်တော်တို့ ကူညီပေးနေပါတယ်။ တိုက်ပွဲကအခုထိ ဖြစ်နေတုန်းပါ။ စစ်ရှောင်တွေလာခိုလှုံတဲ့နေရာကတော့ အခုအထိ အေးဆေးပါဘဲ”ဟု ရှင်းပြသည်။

လက်ရှိတွင် စစ်ရှောင်များအား မှော်ကန် ဘုန်းကြီးကျောင်း၊ စိန်မြသုခ ဘုန်းကြီးကျောင်း၊ တောင်ပေါ်ရှမ်းကျောင်း၊ စိန်ဟန် ဘုရားကျောင်း၊ လီဆူးဘုရားကျောင်း၊ လဝမ်ဘုရားကျောင်းနှင့် နီစ်ခြင်းခရစ်ယာန်အသင်းတော်ကျောင်းစသည့်တို့တွင် ခိုလှုံနေရြရခြင်းဖြစ်သည်။

“အချို့ကတော့ ဖားကန့်မြို့ပေါ်ကိုရှောင် သွားကြတယ်။ အခု စစ်ရှောင်စခန်းတစ်ခုဆီမှာ လူဦးရေ (၇၀၀)ကနေ (၅၀၀)ဝန်ကျင်လောက်အထိ နေရာချပေးနေရတယ်။ “ဟု ကိုတွန်းက ထပ်မံ ရှင်းပြ သည်။

ယခု ဇန်နဝါရီလ (၅)ရက်နေ့စတင်၍ တပ်မတော်နှင့် လက်နက်ကိုင်တော် လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများပြင်း ထန်စွာဖြစ်ပွားခဲ့ရာမှ၊  ယင်းဒေသတွင်း နေထိုင်သူပြည်သူများ ယနေ့ အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ဓာတ်ပုံ- အောင်ဇော်မိုး-ဖားကန့်


LEAVE A REPLY

Please enter your comment!
Please enter your name here