ဖားကန့် မှော်မောင်းလျှံ ကမ်းပါးပြိုကျမှုဖြစ်ပွား၊ မြေတူးစက် တစ်လုံး ဆုံးရှုံး

0
206

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်အတွင်းရှိ မှော်မောင်းလျှံ ကမ်းပါးယံ ပြိုကျမှုတစ်ခု ယမန်နေ့ ဇန်နဝါရီ (၉)ရက် နံနက် (၃)နာရီအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

အဆိုပါ မြေပြိုကျမှုဖြစ်စဉ်သည် ဖားကန့်မြို့နယ် အေးမြသာယာအပိုင် မှော်မောင်းလျှံ ဘုန်ကြီးကျောင်း အတက်လမ်းရှိ ကမ်းပါးတစ်ခု  ပြိုကျခဲ့ခြင်းဖြစ်သည်။

ယင်း‌ ကမ်းပါးယံပြို့ကျမှုကြောင့်  

460 အမျိုးအစား မြေကော်စက် တစ်စီးဆုံးရှုံးခဲ့ရပြီး ၊လူထိခိုက်သေဆုံးမှုမရှိကြောင်း ဆိုသည်။

ထို ကမ်းပါးပြိုကျရခြင်းသည် မြေစာအဟောင်းများနှင့် လက်ကျင်းတူးစဥ်ကက လှိုင်ခေါင်းများဖြစ်ပေါ်ခဲ့ရာမှ ပြိုကျရခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- အောင်ဇော်မိုး ဖားကန့်


LEAVE A REPLY

Please enter your comment!
Please enter your name here