၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် လေ့ကျင့်နေပြီဖြစ်သည့် မြန်မာ့လက်ရွေးစင်အသင်း

0
182

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် မြန်မာ့လက်ရွေးစင်အသင်းသည် ပထမအကြိမ် လေ့ကျင့်ခန်းများကို ဇန်န ဝါရီ (၁၀) ရက်တွင် စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့ လက်ရွေးစင်အသင်းအနေဖြင့် လာမည့် မတ်လတွင် ဆီးရီးယား အသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သည့် အနေဖြင့် ဇန်နဝါရီလ (၁၀) ရ က်မှ (၂၀) ရက်အထိ ရန်ကုန်မြိုတွင် စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Michael Feichte nbeiner ရွေးချယ်ထားသည့်ပဏာမ မြန်မာ့လက်ရွေးစင် ကစားသမား (၂၈) ဦးစာရင်းတွင် အသင်းနှင့်အတူ ကာလအနည်းငယ်ဝေးကွာနေသည့် တိုက်စစ်မှုး ကျော်ကိုကို ပြန်လည်ပါဝင်လာသည်ကို တွေ့ရသော်လည်း အဖွဲ့ချုပ်ကထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကျော်ကိုကို ကို မတွေ့ရ​သေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here