ပဲခူး မြသီတာ ကျေးရွာအနီးရှိ ဆင်ဖြူကွင်းအမှိုက်ပုံ မီးလောင်မှုဖြစ်ပွား

0
188

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မြသီတာကျေးရွာအနီးရှိ ဆင်ဖြူကွင်း အမှိုက်ပုံတွင် ဇန်နဝါရီ (၁၁)ရက်၊ နေ့လယ် (၁) နာရီ၊ မိနစ် (၂၀) အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသ-တ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

အဆိုပါ ဆင်ဖြူကွင်းအမှိုက်ပုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပဲခူးခရိုင်မီးသ-တ်စခန်းနှင့် ပဲခူးမြို့နယ် မီးသ-တ်စခန်းတို့မှ ရေသယ်ယာဉ် (၄)စီး၊ မီးငြှိမ်းသ-တ်ယာဉ် (၂) စီးတို့ဖြင့် ထွက်ခွာငြှိမ်းသ-တ်ခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီ (၆) ရက် ညနေ (၆)နာရီခွဲအချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ (၂)၊ ဆိပ်ကမ်းသာပတ်လမ်းအနီးရှိ အမှိုက်ပုံတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သေးကြောင်းလည်း မီးသ-တ်တပ်ဖွဲ့ သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here