မြို့သာစက်မှုဥယျာဉ်ကို ဖွံ့ဖြိုးသည့် စက်မှုဥယျာဉ်နှင့်နိုင်ငံတကာသင်္ဘောဆိပ်ကမ်း အဖြစ် ရည်ရွယ်လုပ်ဆောင်နေ

0
161

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဥယျာဉ်ကို ဖွံ့ဖြိုးတိုးတက်သည့် စက်မှုဥယျာဉ်နှင့် နိုင်ငံတကာ အဆင့်မှီ သင်္ဘောဆိပ်ကမ်းဖြစ်ပေါ်လာစေရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း မန္တလေးမြို့သာစက်မှုဥယျာဉ်ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီမှ တာဝန်ရှိသူက နိုင်ငံပိုင် သတင်းဌာနသို့ ပြောကြားထားသည်။

ထို့အပြင် နိုင်ငံတကာနှင့် ဆက်သွယ်နိုင်ရန် လေဆိပ်မှ စက်မှုဇုန်သွားသည့် လမ်းများကိုလည်း ပြုပြင်လျက်ရှိပြီး အဆိုပါ မြို့သာစက်မှုဥယျာဉ်သို့ လာမည့် နှစ်အတွင်း ရင်းနှီးမြှပ်နှံ လုပ်ကိုင်မည့် စက်ရုံ (၂၃) ရုံ ထပ်မံဝင်ရောက်လာရန်ရှိကြောင်း မန္တလေးမြို့သာစက်မှုဥယျာဉ်ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် မန္တလေးမြို့သာစက်မှုဥယျာဉ်စီမံကိန်းဖြစ်ပြီး လက်ရှိ နိုင်ငံပေါင်း (၈) နိုင်ငံမှ စက်ရုံ (၂၀) ကျော် လည်ပတ်နေကြောင်း သိရသည်။
လာမည့် နှစ်တွင် စက်ရုံ (၂၃) ရုံ ထပ်မံဝင်ရောက်ရန်ရှိပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်မည့်သူများအတွက် လက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှ ခွင့်ပြုမိန့် ရထားပြီး (၇)နှစ် အခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဥယျာဉ်၌ အနီးပတ်ဝန်းကျင်ဒေသများမှ ထွက်ရှိသည့် စိုက်ပျိုးရေး အခြေခံ တန်ဖိုးမြှင့် ထုတ်လုပ်သည့် စက်ရုံများ၊ တိရစ္ဆာန်အစာစက်ရုံများ၊ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံများ အပါဝင် EV ကား ထုတ်လုပ်သည့် စက်ရုံများအထိ ရင်းနှီးမြှုပ်နှံနိုင်ရန် ဆွေးနွေးမှုများရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here