တရုတ်-အာဆီယံ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်ပြိုင်ပွဲ ပါဝင်ယှဥ်ပြိုင်ရန် မြန်မာကို ဖိတ်ခေါ်ထား

0
305

ဒုတိယအကြိမ်မြောက် တရုတ်-အာဆီယံ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင် (The 2th China-ASEAN Innovation and Entrepreneurship Competition – CAIEC) ပြိုင်ပွဲ၌ မြန်မာစွန့်ဦးတီထွင် လုပ်ငန်းရှင်အဖွဲ့များ ပါဝင်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ထားကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ASEAN Secretariat တို့ ပူးပေါင်း၍ တရုတ်နိုင်ငံနှင့်အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ အနာဂတ်တွင် မျှဝေမှုဖြင့် တရုတ်-အာဆီယံ အသိုက် အဝန်းကို ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်ပိုမိုခိုင်မာလာစေရန်ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအတွင်း ကျင်းပသွားမည် ဖြစ်ပြီး ပထမအကြိမ်၌ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လုပ်ငန်းရှင်တစ်ဦး (Green Toddy Co.,Ltd) တတိယဆုနှင့် သဲဖြူ Ecolodges နှင့် DTVET Team Creativity Stars ဆုများ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲ Team အမည်မှာ “Digital Empowerment for a Shared Future” ဖြစ်ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ ဒစ်ဂျစ်တယ်ကုန်ထုတ်လုပ်မှု၊ ဒစ်ဂျစ်တယ်ထုတ်ကုန်ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှု၊ ဒစ်ဂျစ်တယ်အချက်ပြ မောင်းနှင်မှုနှင့် ဒစ်ဂျစ်တယ် စွမ်းဆောင်ရည်မြှင့်တင်မှု စသည့် ပရောဂျက်နယ်ပယ်တို့၌ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

ပြိုင်ပွဲအတွက် မှတ်ပုံတင်ခြင်း (Registration)၊ အရည်အချင်းစစ်ဆေးခြင်း (Eligibility check)၊ ကနဦးရွေးချယ်(Initial selection) နှင့် ဖိုင်နယ် (Final) စသည့် အဆင့်လေးဆင့်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းပြိုင်ပွဲအတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါ ရီ (၁၅) ရက်အထိ မှတ်ပုံတင်သွင်းနိုင်ကာ ဖေဖော်ဝါရီ (၁၆) ရက်မှ (၂၉) ရက်အထိ အရည်အချင်း စစ်ဆေးမှုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် Awards for Team Groups၊ Awards for Enterprise Groups၊ Creativity Stars ဆုနှင့် Cooperation Stars ဆုများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းအဖွဲ့ (Enterprise Groups)၊ အသင်းအဖွဲ့ (Team Groups) များ အနေဖြင့် E-mail : [email protected] တွင် ပါဝင်ယှဉ်ပြိုင်လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here