ရန်ကုန်မြို့ မြို့နယ် (၃) ခုတွင် ဇန်နဝါရီ (၁၁) ရက် ညပိုင်းက ယာဉ်တိုက်မှု (၃) မှု ဖြစ်ပွား၊ (၈) ဦးထက် မနည်း ထိခိုက်ဒဏ်ရာရ

0
214

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သာကေတမြို့နယ်တို့တွင် ဇန်နဝါရီ (၁၁) ရက်၊ ည (၁၀)နာရီနှင့် ည (၁၁)နာရီကြားတွင် ယာဉ်တိုက်မှု (၃) မှု ဖြစ်ပွားခဲ့ပြီး (၈) ဦးထက် မနည်း ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများထံမှ သိရသည်။

မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တောင်ဝင်လမ်းမထောင့်၌ ဇန်နဝါရီ (၁၁) ရက် ည (၁၁)နာရီ (၁၀)မိနစ်အချိန်ခန့်က ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ အဆိုပါ ဖြစ်စဉ်ကြောင့် လူအနည်းငယ်သာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနှင့် ဝေဇန္တယာလမ်း မီးပွိုင့်တွင် ဇန်နဝါရီ (၁၁) ရက် ည (၁၀)နာရီ၊ မိနစ်(၂၀)အချိန်ခန့်က ယာဉ်နှစ်စီး တိုက်မိမှုဖြစ်ပွားရာ အမျိုးသား (၃)ဦး ပွန်းပဲ့ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။

ထို့အပြင် သာကေတမြို့နယ် ရွှေပုဇွန်အကျော် အရှေ့ပိုင်းခရိုင်တရားရုံးအနီး ဇန်နဝါရီ (၁၁) ရက် ည (၁၀)နာရီ၊ (၁၅) မိနစ်အချိန်ခန့်က ယာဉ်တစ်စီးတိမ်းမှောက်ကြောင်း သတင်းအရ နီးစပ်ရာ Ambulance ယာဉ်များ ထွက်ခွာကူညီခဲ့ရပြီး အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၄)ဦး ဒဏ်ရာရရှိခဲ့ပြီး သစ္စာမဏ္ဏိုင် Ambulance ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here