မြန်မာကစားသမား ဆွမ်လမန် ထိုင်းလိဂ် ၂ ကလပ် ပတ္တယားအသင်းသို့ပြောင်းရွေ့

0
143

မြန်မာကစားသမား ဆွမ်လမန်သည် ထိုင်းလိဂ် ၂ ကလပ် ပတ္တယားအသင်းသို့ ပြောင်းရွေ့သွားပြီဖြစ်ကြောင်း မြန်မာစပါယ်ရှယ်အားကစား စီမံခန့်ခွဲမှု ကုမ္ပဏီထံမှ သိရသည်။

ဆွမ်လမန်ကို ထိုင်းလိဂ် ၂ ကလပ် ပတ္တယားအသင်းက ရာသီ အစကတည်းက ကမ်းလှမ်းခဲ့တာဖြစ်ပြီး ပထမအကြိမ်ကမ်းလှမ်းမှုကို ဆွမ်လမန်ကလက်မခံခဲ့ဘဲ ရာသီဝက်အပြောင်းအရွေ့တွင် ထပ်မံကမ်းလှမ်းရာတွင် လက်ခံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းတွင်နေရာစုံမှ ကစားနိုင်သည့် ကစားသမားဖြစ်သော ဆွမ်လမန်ကို ထိုင်းလိဂ် ၂ ကလပ် ပတ္တယား အသင်းသည် ရာသီဝက် စာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်သည်။

“ဆွမ်လမန်ကို ပတ္တယား အပြင် နောင်ဘူရာ၊ ကာစတန်၊ နခွန်ပသွန် တို့လည်း စိတ်ဝင်စားခဲ့ပေမယ့် offer အရင်ဆုံးထုတ်ပေးခဲ့တဲ့ ပတ္တယား နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ ပတ္တယား မှာ အလုပ်လုပ်နေတဲ့ ရွှေမြန်မာတွေကို စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ ဆွမ်လမန် ရဲ့ ပွဲစဉ်တွေကို လာရောက်ကြည့်ရှုအားပေးရင်း အပန်းဖြေကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု မြန်မာစပါယ်ရှယ်အားကစား စီမံခန့်ခွဲမှု ကုမ္ပဏီမှကိုရဲနိုင်ဝင်းက အသိပေးထားသည်။

ဆွမ်လမန်သည် ပတ္တယား အသင်းနှင့်အတူ ပထမဆုံး လေ့ကျင့်ရေး အစီအစဉ် ပူးပေါင်းလုပ်ဆောင်နေပြီဖြစ်ပြီး Fitness ကောင်းသည့် ကစားသမားဖြစ်ကြောင်း ပတ္တယား အသင်းနည်းပြချုပ်က Training အပြီးတွင် ချီးကျူးခဲ့ကြောင်းလည်း သိရသည်။ 

Photo -Ye Naing Win


LEAVE A REPLY

Please enter your comment!
Please enter your name here