အင်းစိန်မြို့နယ်တွင် အိမ်စီးကားနှင့် အငှားယာဉ်တို့တိုက်မိရာမှ အမျိုးသား (၃) အဝါရောင်အဆင့် ထိခိုက်ဒဏ်ရာရ

0
147

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် အိမ်စီးကားနှင့် အငှားယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ တိုက်မိမှုဖြစ်ပွားရာမှ အငှားယာဉ်မောင်း တစ်ဦးနှင့် ခရီးသည် (၂) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။ 

အင်းစိန်မြို့နယ်၊ မြို့သစ် က/ခ ရပ်ကွက် ၊ ဘုရင့်နောင်လမ်း မပေါ်ရှိ မြို့သစ်ဈေးအနီးတွင် ဇန်နဝါရီ (၁၁) ည (၁၀)နာရီ၊ မိနစ် (၂၀)အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း ဆက်သွယ်အကြောင်းကြားလာသဖြင့် တွဲလက်လူမှုကူညီရေးအဖွဲ့မှ အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့ကူညီခဲ့ကြောင်း သိရသည်။ 

အခင်းဖြစ်ပွားရာ နေရာတွင် အငှားယာဉ်မောင်း အမျိုးသား ဦးခေါင်းငယ်ထိပ်ကွဲ၊ ယာပါးပြင် မှန်ကွဲစထိမှန်(မစိုးရိမ်ရ) နှင့် ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသား(၂) ဦး ယာပါးပြတ်ရှ၊ ယာလက်ဖျံရိုးကျိုး (မစိုးရိမ်ရ) အဝါရောင်အဆင့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူ အမျိုးသား (၃)ဦးကို တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ကျ VLOUNTEER များနှင့် အင်းစိန်မြို့သစ်(က+ခ)အရန် တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်း ပူးပေါင်းကာ မြေပြင် ရှေးဦးပြုစုပေး၍ အင်းစိန် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here