ထိုင်းတွင်ကျင်းပမည့် ACC Men’s T20I CHALLENGER CUP 2024 ပြိုင်ပွဲတွင် မြန်မာအမျိုးသား

0
155

ခရစ်ကတ်အသင်းဝင်ရောက်ယှဉ်ပြိုင်မည်

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် ACC Men’s T20I CHALLENGER CUP 2024 ပြိုင်ပွဲ

အတွက် ခြေစစ်ပွဲကို မြန်မာအမျိုးသားလက်ရွေးစင် ခရစ်ကတ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည် 

မြန်မာအမျိုးသားလက်ရွေးစင် ခရစ်ကတ်အသင်းသည် ခြေစစ်ပွဲအဆင့်တွင် ကမ္ဘောဒီးယား ၊ အီရန် ၊ တရုတ် အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီလ ( ၂၇ ) ရက်မှ ဖေဖော်ဝါရီလ ( ၃၀ ) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ခြေစစ်ပွဲတွင်အုပ်စုပထမရရှိသည့် အသင်းတစ်သင်းသာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ပြီး ခြေစစ်ပွဲအောင်ပါက ဆော်ဒီအာရေးဗီးယား ၊ အင်ဒိုနီးရှားနှင့် ဘူတန်အသင်းတို့ပါဝင်သည့် အုပ်စု 

( က ) အတွင်းဆက်လက်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလက်ရွေးစင် ခရစ်ကတ်အသင်းသည် ခြေစစ်ပွဲစဥ်အဖြစ် ဇန်နဝါရီ ၂၇ ရက်တွင် ကမ္ဘောဒီးယားအသင်း၊ ဇန်နဝါရီ ၂၈ ရက်တွင် တရုတ်အသင်း၊ ဇန်နဝါရီ ၃၀ ရက်တွင် အီရန်အသင်းတို့ဖြင့်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

File photo


LEAVE A REPLY

Please enter your comment!
Please enter your name here