0
296

ဝမ်းတွင်းမြို့တွင် ရက်ကန်းရုံ အလုပ်သမားက အလုပ်ရှင်သားအမိအပါအဝင် လေးဦးကို တူဖြင့်ထုသ-တ်သည့် လေးလောင်းပြိုင်လူသ-တ်မှုဖြစ်ပွား

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင် ရက်ကန်းလုပ်ငန်းလုပ်ကိုင်သည့် အလုပ်ရှင်သားအမိ အပါအဝင်အမျိုးသမီး လေးဦးသ-တ်ဖြတ်ခံရသည့် လေးလောင်ပြိုင် လူသ-တ်မှုတစ်ခု ဇန်နဝါရီလ(၁၁) ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ (၁၁) ရက် နံနက် (၂) နာရီ ဝန်းကျင်က ဝမ်းတွင်းမြို့ ၊ အမှတ်(၃) ဗဟိုရပ်ကွက်ရှိ ၊ ရက်ကန်းလုပ်ငန်းလုပ်ကိုင်သည့် အိမ်တွင် အ‌ဆိုပါ နေအိမ်မှ အလုပ်သမားဖြစ်သူက ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီအိမ်မှာ အလုပ်လုပ်တဲ့ လူက လုပ်ခဲ့တာပါ။ အခုတော့ ဖမ်းမိထားပါပြီ” ဟု ဝမ်းတွင်းမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ လေးလောင်းပြိုင် လူသ-တ်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ အမျိုးမျိုး ထင်ကြေးပေးပြောဆိုမှုများ ရှိနေပြီး ဖြစ်စဉ်အသေးစိတ်ကို ဂဃဏန မသိရှိရသေးကြောင်း ၎င်းကပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်ဓါးပြတိုက်မှုဖြစ်သည်ဟု ရေးသားမှုများလည်း ရှိနေသလို ငွေရေးကြေးရေးကိစ္စ အချေအတင် စကားများရာမှ အငြိုးထား လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း သတင်းထွက်ပေါ်နေကြောင်း ဝမ်းတွင်းမြို့ခံ သတင်းရင်းမြစ်က ဆိုသည်။

“ဘယ်လိုဖြစ်တာလဲဆိုတော့ အမျိုးမျိုးတော့ ပြောနေကြတာပဲ။ လူသ-တ်ဓါးပြမှုလို့လည်း ပြောကြတယ်။ အိမ်ဖောက်တာ မိသွားလို့လည်း ပြောတယ်။ ပြီးတော့ အကြွေးကိစ္စ လစာထဲက ဖြတ်တာတောက်တာနဲ့ပတ်သက်ပြီး စကားအချေအတင်ဖြစ်တယ်။ အဲဒါကို မကျေနပ်ပြီး လုပ်တာလို့လည်း ပြောနေကြတယ် ။ ကျွန်တော်တို့လည်း ဘယ်ဟာမှန်းတော့ ဂဃဏန မသိဘူး” ဟု ၎င်းက ဆိုသည်။

‌ေ-သဆုံးသူများ၏ အလေ-ာင်းများကို ဇန်နဝါရီ (၁၁) ရက် နံနက် (၅) နာရီဝန်းကျင်တွင် ရပ်ကွက်မှ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး နယ်မြေခံ လူမှုကူညီရေးအသင်း လူနာတင်ယာဉ်များဖြင့် ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကိုယ်တိုင်က ရဲစခန်းသို့ ဓားပြတိုက်မှု ဖြစ်ပွားကြောင်း အကြောင်းကြားအသိပေးခဲ့ပြီး ၎င်းအား ရဲတပ်ဖွဲ့မှ စစ်ဆေးစဉ် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။

‌ေ-သဆုံးသူများ၏ ရုပ်အ‌ေလာင်းအား ယနေ့ ဇန်နဝါရီ (၁၂) ရက် မွန်းလွဲ (၂) နာရီတွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း ဝမ်းတွင်းမြို့ခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here